မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား၍ အိန္ဒိယတွင် လူထုစိတ်ဆိုးဒေါသထွက်မှုများဖြင့် ဆန္ဒပြ

မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား၍ အိန္ဒိယတွင် လူထုစိတ်ဆိုးဒေါသထွက်မှုများဖြင့် ဆန္ဒပြ

နယူးဒေလီ၊ ဇူလိုင် ၁ ။        ။ အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာပရာဒေ့ရှ်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မကျင့်မှု ဖြစ်ပွားသဖြင့် လူထုစိတ်ဆိုးဒေါသထွက်မှုများ ပေါ်ပေါက်ကာ ဆန္ဒပြမှုများ ဖြစ်ပွားသည်။

ဇွန် ၃၀ ရက် ဆန္ဒပြမှုတစ်ရပ်တွင် တရားခံများဖြစ်သူကို အပြစ်ပေးအရေးယူရေး တောင်းဆိုလျက် တက်ကြွလှုပ်ရှားသူများက ကြွေးကြော်အော်ဟစ်ကြသည်။

‘အမျိုးသမီးနှင့် ကလေးများအပေါ် ရာဇဝတ်မှုများ မြင့်တက်နေခြင်း ရပ်’၊ ‘အိန္ဒိယတွင် ရိုင်းစိုင်းယုတ်ည့ံမှုများ ရပ်’နှင့် ‘အမျိုးသမီများအပေါ် ကျုးလွန်နေသော ရာဇဝတ်မှုများကို ဗဟိုအစိုုးရက ကိုင်တွယ်ဖြေရှင်းပေး’စသော ဆိုင်းပုဒ်များကိုလည်း ကိုင်ဆောင်ဆန္ဒပြကြသည်။

လူမှုအဖွဲ့အစည်း၊ ကျောင်းသားနှင့် လူငယ်အသင်းများ ပြုလုပ်သော ယခု ဆန္ဒပြမှုများသည် ယင်းနေ့ နေ့လယ်ပိုင်းက စတင်ခြင်းဖြစ်ကာ ရဲအင်အား ၂၀ ခန့်က စောင့်ကြပ်ထားသည်။

ယခု ပြုကျင့်ကျုးလွန်မှုနှင့် ပတ်သက်ကာ လူနှစ်ဦးကို ဖမ်းဆီးထားကြောင်းလည်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံပေါ် တင်ထားကုသပေးနေသည့် ကျုးလွန်ခံ ကလေးမလေး၏ အခြေအနေမှာ ကောင်းမွန်ကြောင်း ပြောဆိုကာ ကျုးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုထားသည်။

“ဒီအပြစ်ကျုးသူတွေကို လွှတ်ပေးလို့တော့ မရဘူး။ ဖြစ်နိုင်သမျှ သူတို့ကို သေဒဏ်ပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်ကြရမယ်။ ဒီလို လူ့တိရစ္ဆာန်မျိုးတွေက ကမ္ဘာမှာ အမှိုက်တွေပဲ။”ဟု ပြညနယ်ဝန်ကြီးချုပ် ဆင်းချ်ချုဟန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly