ရွှေ့ပြောင်းမိသားစုများ ပြန်လည်ပေါင်းစည်းရေး တောင်းဆိုကာ ထရမ့်အစိုးရအား နိုင်ငံတစ်ဝန်း စုရုံးဆန္ဒပြမှုများ ဖြစ်ပွား

ရွှေ့ပြောင်းမိသားစုများ ပြန်လည်ပေါင်းစည်းရေး တောင်းဆိုကာ ထရမ့်အစိုးရအား နိုင်ငံတစ်ဝန်း စုရုံးဆန္ဒပြမှုများ ဖြစ်ပွား

ဝါရှင်တန်၊ ဇူလိုင် ၁ ။           ။ အမေရိကန်နိုင်ငံ၏ အိမ်ဖြူတော်အပြင်ဖက်တွင် ဇွန် ၃၀ ရက်က အများစုသော အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူ မိသားစုများ ပြန်လည်ပေါင်းစည်းရေးကို သမ္မတ ထရမ့် အစိုးရက ချက်ချင်းဖော်ဆောင်ပေးရန် တောင်းဆိုလျက် ပြည်သူထောင်ပေါင်းများစွာတို့ စုရုံးဆန္ဒပြကြသည်။

အမေရိကန်အစိုးရ၏ ပေါ်လစီကြောင့် နိုင်ငံအတွင်း နယ်စပ်မှ ရွှေ့ပြောင်းဝင်ရောက်သူများ မိသားစုကွဲကွာရခြင်းများကို ယခုကဲ့သို့ ဆန္ဒပြကြခြင်း ဖြစ်သည်။

Lafayette ရင်ပြင်တွင် စုရုံးဆန္ဒပြမှုကို အဆိုတော် Alicia Keys၊ မင်းသမီး America Ferrera နှင့် ဇာတ်လမ်းရေးဆရာ Lin-Manuel Miranda တို့က ဦးဆောင်ကာ ဝါရှင်တန်မြို့တွင်းသို့ လူပေါင်း သုံးသောင်းကျော်ထက်မနည်း စုရုံးချီတက်ခဲ့ခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

အလားတူ စုရုံးဆန္ဒပြမှုများသည် အမေရိကန်နိုင်ငံတစ်ဝန်းက မြို့ပေါင်း ရ၅၀ တွင်လည်း ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

“ဒီတို်က်ပွဲစဉ်ဟာ လူအုပ်စုတစ်စု၊ အသွေးအရောင် တစ်ခုတည်း လူတွေ၊ လူမျိုးစုတစ်စု၊ လိင်အုပ်စုတစ်စုတို့ရဲ့ တိုက်ပွဲစဉ်မဟုတ်ဘူး။ ကျွန်မတို့ လူသားအားလုံးရဲ့ တိုက်ပွဲစဉ်ဖြစ်တယ်။”ဟု ၂၀၀၆-၁၀ နှစ်များက ဟာသရုပ်သံစီးရီး Ugly Betty ဖြင့် လူသိများသော မင်းသမီး Ferrera က ပြောသည်။

‘မိသားစုများ အတူနေထိုင်ရေး’ စာတမ်းများအောက်မှ ဆန္ဒပြသူများက အများစုသော ဗဟိုအမေရိကမှ ရွှေ့ပြောင်းဝင်ရောက်သူ ကလေးငယ်များ မိဘများနှင့် ကွဲကွာနေရခြင်းကို ချက်ချင်းပေါင်းစည်းပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

တောင်ပိုင်းနယ်စပ်ကို ဖြတ်ကာ နိုင်ငံအတွင်း ဝင်ရောက်လာသူများကို ရာဇဝတ်မှုဖြင့် ဖမ်းဆီးသော ထရမ့်၏ ပေါ်လစီကြောင့် အတူပါလာသည့် ကလေးငယ်များမှာ မိသားစုနှင့် ခွဲခွာခံရပြီး ကျန်းမာရေးနှင့် လူသားရင်းမြစ်ဌာန ခိုလှုံရေးစခန်းများသို့ ပို့ဆောင်ထားခြင်း ဖြစ်ရာ ထိုသို့ ကလေးငယ်ပေါင်း ၂၃၀၀ ကျော်ထက်မနည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly