ရန်ကုန် ဇူလိုင် ၁ ။ ။ ၁၆ ကြိမ် မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်း ၅၀၀၀ ဆုကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မီးသတ်စခန်းမှ ပျဉ်းပင်ကန် ရပ်ကွက်နေ မီးသတ်တပ်ကြပ် ထူးဝေဇွန်က ကံထူးခဲ့သည်။
ယနေ့ ဇူလိုင်လ ၁ ရက်တွင် ကျင်းပသည့်သိန်းဆုဖွင့်ပွဲမှ ကျပ်သိန်း ၅၀၀၀ ဆုကို နေမင်းထီဆိုင်မှ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
ကျပ် သိန်း ၅၀၀၀ ဆုကြီးအဖြစ် စျ ၉၆၈၂၁၀ နှင့် ကည ၂၉၀၈၅၃ တို့ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။
၁၆ ကြိမ်မြောက် ကျပ်သိန်း ၁၀၀၀၀ ဆုကြီးကို ဟ ၄၁၀၅၅၈ ဖြင့် ထွက်ပေါ်ခဲ့ပြီး မည်သည့် ထီဆိုင်မှ ဆွတ်ခူးနိုင်ခဲ့သည်ကို မသိရသေးပေ။
၁၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၄၁၈၂ ဆု အတွက် ထီဆုငွေ ကျပ်သန်းပေါင်း ၁၁,၀၄၅.၄၃၀ ခွဲဝေ ချီးမြှင့်ပေးခဲ့သည်။
ထို့ပြင် သိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် ထီစာအုပ်ပေါင်း ၃,၆၈၁,၈၁၀ အုပ် ဖြစ်ပြီး ထီလက် မှတ် စောင်ရေပေါင်းမှာ ၄၀,၄၉၉,၉၁၀ စောင် ဖြစ်ပြီး ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “အ” အက္ခရာထိ အက္ခရာ ၃၃ လုံး နှင့် “ကက” အက္ခရာမှ အစဉ်လိုက် “ကဌ” အက္ခရာ ထိ အက္ခရာ ၁၂ လုံး စုစုပေါင်း အက္ခရာ ၄၅ လုံး ရောင်းချခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ-နေမင်း