ဂျာမနီမှ ရွှေ့ပြောင်းဒုက္ခသည် တစ်ချို့ကို စပိန်က လက်ခံရန် သဘောတူ

ဂျာမနီမှ ရွှေ့ပြောင်းဒုက္ခသည် တစ်ချို့ကို စပိန်က လက်ခံရန် သဘောတူ

 

ဘရပ်ဆဲလ်၊ ဇွန် ၃၀ ။                    ။ ဂျာမနီသို့ ၀င်ရောက်သည့် ဒုက္ခသည်များမှ မျှခြေညီပြီး လက်သင့်ခံနိုင်သော အရေအတွက်ကို စပိန်နိုင်ငံက လက်ခံမည်ဖြစ်ဟု ဇွန် ၂၉ ရက်က သဘောတူခဲ့ကြောင်း စပိန်ဝန်ကြီးချုပ်က ပြောသည်။

ဘရပ်ဆဲလ်တတတွင် နှစ်ရက်တာ အစည်းအဝေးပြီးနောက် ၀န်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်က ၎င်းသည် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် ဂရိ၀န်ကြီးချုပ် အလက်ဇီစီပရက်ပစ််တို့နှင့် ဒုက္ခသည်များ လက်ခံရေးကို သဘောတူခဲ့ကြောင်း ပြောခြင်း ဖြစ်သည်။

ထိုသို့ သဘောတူခဲ့သော်လည်း ဂျာမနီတွင် လက်ရှိ ရွှေ့ပြောင်းဒုက္ခသည် မည်မျှ ရှိနေသည်ကို ရှင်းလင်းတိကျရန် ဆောင်ရွက်ရန် လိုအပ်ပြီး မည်မျှအရေအတွက်အထိ စပိန်က လက်ခံရန် စသည်တို့ကို ဆွေးနွေးရေး လိုအပ်နေသေးကြောင်းလည်း ၎င်းက ပြောသည်။

ဥရောပကောင်စီအတွင်း အဓိကစည်းဝေးပွဲမှ ယခုကဲ့သို့ သဘောတူညီမှု ရရှိခြင်း ဖြစ်သော်လည်း EC ဥက္ကဌြုဖစ်သူ ဒေါ်နယ်တက်ခ်က သဘောတူညီကြသည် ဆိုခြင်းမှာ လွယ်ကူသည့် အစိတ်အပိုင်းဖြစ်ပြီး အမှန်တကယ်မှာ ယင်းသဘောတူညီမှုအတိုင်း အကောင်အထည်ဖော်နိုင်ရေးက ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly