တောင်ကိုရီးယားနှင့် မဟာမိတ်များကို မြောက်ကိုရီးယားအနိုင်ယူနိုင်ယူနိုင်သည့် အခွင့်အလမ်းမရှိဟု အမေရိကန်ကာကွယ်ရေး ၀န်ကြီးပြောကြား

တောင်ကိုရီးယားနှင့် မဟာမိတ်များကို မြောက်ကိုရီးယားအနိုင်ယူနိုင်ယူနိုင်သည့် အခွင့်အလမ်းမရှိဟု အမေရိကန်ကာကွယ်ရေး ၀န်ကြီးပြောကြား

ဝါရှင်တန်၊ စက်တင်ဘာ ၂ ။           ။ ကိုရီးယားကျွန်းဆွယ်တွင် လက်နက်ကိုင်ပဋိပက္ခ၏ နုတ်ခမ်းဝသို့ ရောက်ရှိခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ ပဋိပက္ခတစ်ခုဖြစ် ပါကမြောက်ကိုရီးယား တွင်တောင်ကိုရီးယားနှင့် ယင်း၏မဟာမိတ်များကို အနိုင်ယူနိုင်သည့် အခွင့်အလမ်းမရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက စက်တင်ဘာ ၁ တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လက မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ကင်းလှည့်စဉ် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သားနှစ်ဦး ကိုယ်အင်္ဂါချွတ်ယွင်းသည်အထိ ထိခိုက်ခဲ့ရာမှ ကိုရီးယားနှစ်နိုင်ငံ၏ အကျပ်အတည်း ပေါ်ပေါက်လာခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်က တင်းမာမှုကိုလျှော့ချသည့် သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။

" ကျွန်တော်တို့ သေချာအောင်လုပ်ဖို့ လိုတာကတော့ သူတို့ရဲ့ဘယ်လိုရန်စမှုမျိုးမဆို ဖြေရှင်းမှာဖြစ်ပြီး ကျွန်တော်တို့နဲ့ တောင်ကိုရီးယားက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို အနိုင်ယူနိုင်တဲ့ အခြေအနေ သူတို့မှာ မရှိဘူးဆိုတာ မြောက်ကိုရီးယားတွေ အမြဲတမ်းနားလည်နေဖို့ပဲ " ဟုကာတာက တပ်ဖွဲ့ဝင်များကို ရုပ်သံမှတဆင့် ပြောကြားခဲ့သည်။

နောက်ဆုံးတင်းမာမှုများကို အချင်းများမှုတစ်ခုအဖြစ် ကာတာက ရည်ညွှန်းခဲ့ပြီး  အခြေအနေများ မည်မျှမြန်မြန် လွဲချော်သွားနိုင်သည်ကို မြောက်ကိုရီးယားတို့က ပြသခဲ့သည်ဟု ၎င်းကဆိုသည်။"

ကိုရီးယားဟာ ပေါက်ကွဲတောက်လောင်နိုင်တဲ့နေရာတစ်ခုပါ။ ကျွန်တော်တို့ရဲ့ လက်ချောင်းလေးတွေ ဆတ်ကနဲလှုပ်ရှားလိုက်တာနဲ့ စစ်မီးတောက်လောင်နိုင်တဲ့ ကမ္ဘာ့တစ်ခုတည်းသော နေရာပါ"ဟု ကာတာက ပြောသည်။

အမေရိကန်စစ်တပ်သည် ၁၉၅၀-၅၃ စစ်ပွဲရပ်ဆိုင်းပြီးကတည်းက ကိုရီးယားကျွန်းဆွယ်တွင် အရေးပါသော နေရာမှရှိနေခဲ့ပြီး တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၃၀,၀၀၀ခန့် အမြဲချထား သည်။

နောက်ဆုံးအကျပ်အတည်းအတွက် ဆိုးလ်က ပြုံယမ်းကို အပြစ်တင်ခဲ့ပြီး မြေမြုပ်မိုင်းပေါက်ကွဲမှုကို ကြီးမားသည့် အသံချဲ့စက်များစွာဖြင့် မြောက်ကိုရီးယားဘက်သို့ ဝါဒဖြန့်ချိသည့် အသံများ ထုတ်လွှင့်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

မိုင်းထောင်မှုမပြုလုပ်ကြောင်း မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပြီး နယ်စပ်တစ်လျှောက် စစ်ရေးတင်းမားမှုဖြစ်စဉ် အသံချဲ့စက်များကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သဘောတူညီမှုရရှိပြီးနောက် ဝါဒဖြန့်ချိမှုများကို တောင်ကိုရီးယားက ရပ်တန့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly