အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၍ ဘာလီကျွန်းက အပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်ထား

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲ၍ ဘာလီကျွန်းက အပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်ထား

ဂျကာတာ၊ ဇွန် ၂၉ ။                             ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အဂျိုင်းမီးတောင် ပေါက်ကွဲကာ ပြာမှုန်များ မီတာ ၂၀၀၀ အမြင့်ထိ မှုတ်ထုတ်နေခြင်းကြောင့် ဇွန် ၂၉ ရက်တွင်  နဂူရက်ရှ်ရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပိတ်ထားရပြီ ဖြစ်သည်။

ပြည်တွင်းနှင့် ပြည်ပ လေယာဉ်ခရီးစဉ် ဒါဇင်များစွာကို ပယ်ဖျက်ရခြင်း၊ နှောင့်နှေးခြင်းများ ရှိရာ လေဆိပ်တွင် ခရီးသည်များ သောင်တင်နေသည်။

“နဂူရက်ရှ်ရိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မီးတောင်ပေါက်ကွွဲမှုကြောင့် ပိတ်ထားပါတယ်။’ဟု လေဆိပ်တာဝန်ခံရုံးက တွစ်တာတွင် ရေးသားပြီး နံနက် သုံးနာရီမှ ည ခုနစ်နာရီအထိ ပိတ်မည်ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။။

“မီးတောင်က ပြာမှုန်တိမ်တိုက်ကြောင့် ဘာလီပတ်လည်က ပျံသန်းမှုတွေကို သက်ရောက်နေပါတယ်။ ဒန်ပါဆာလေဆိပ်ကိုလည်း လက်ရှိမှာ ပိတ်ထားရတာကြောင့် ဘာလီကနေ ပျံသန်းမှု အချို့ ပယ်ဖျက်ထားပါတယ်။”ဟု သြစတြေးလျလေကြောင်းလိုင်း ဂျက်စတာက ယင်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာသည်။

မီးတောင်သည် ဇွန် ၂၇ ရက်က စတင်ပေါက်ကွဲကာ လက်ရှိအထိ ပြာမှုန်များ မှုတ်ထုတ်လျက် ဆက်လက်ပေါက်ကွဲမှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly