မလေးရှားတွင် မြောက်ကိုရီးယားခေါင်းဆောင်၏ ဝမ်းကွဲအစ်ကို လုပ်ကြံခံရမှုကို စစ်ဆေးကြားနာမှု ပြန်စ

မလေးရှားတွင် မြောက်ကိုရီးယားခေါင်းဆောင်၏ ဝမ်းကွဲအစ်ကို လုပ်ကြံခံရမှုကို စစ်ဆေးကြားနာမှု ပြန်စ

ကွာလာလမ်ပူ၊ ဇွန် ၂၈ ။            ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်၏ ဝမ်းကွဲအစ်ကိိုဖြစ်သူ ကင်ဂျုံးနမ်အား ၂၀၁၇ ခုနှစ်အတွင်းက လုပ်ကြံသတ်ဖြတ်မှုတွင် ပါ၀င်သည် စွပ်စွဲထားသော အမျိုးသမီးနှစ်ဦးကို မလေးရှားနိုင်ငံတွင် စစ်ဆေးကြားနာမှု ဇွန် ၂၇ ရက်တွင် ပြန်လည်စတင်သည်။

အဓိကသံသယရှိ တရားခံများဖြစ်သည့် ဗီယက်နမ် အမျိုးသမီး ဒိုအန်သီဟောင်းနှင့် အင်ဒိုနီးရှားအမျိုးသမီး တစ်တီအစ်ဆိုင်ယတ်ရှ်တို့ကို လုံခြံုရေးတပ်ဖွဲ့ဝင်များ ခြံရံလျက် ကွာလာလမ်ပူအရှေ့ဖက် ရှာအလမ်တရားရုံးအတွင်း ခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်။

ထိုအမျိုးသမီးနှစ်ဦးစလုံးအား ခေါ်ယူလာသည်မှာ နှစ်ဦးစလုံး ကျည်ကာအင်္ကျီများ ဝတ်ထားပြီး ဦးခေါင်းများ ငုံ့လျက် တရားရုံးသို့ ခေါ်ယူလာခြင်း ဖြစ်သည်။

ကွာလာလမ်ပူလေဆိပ်တွင် ကင်ဂျုံးနမ်အား အဆိပ်သင့်စေကာ လုပ်ကြံမှုဖြင့် အပြစ်ရှိပါက ၎င်းတို့နှစ်ဦးစလုံး သေဒဏ် ချခံရမည် ဖြစ်သည်။

အပြစ် မရှိကြောင်း ဆိုထားကြသည့် ၎င်းတို့နှစ်ဦးစလုံးက ထိုအချိန်က လေဆိပ်တွင် အမျိုးသားအုပ်စုတစ်ရပ်က ၎င်းတို့အား ရုပ်သံချန်နယ်တစ်ခုအတွက် ကျီစယ်နောက်ပြောင်ခြင်း ပြုလုပ်ပေးရန် ငှားရမ်းစေခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။

ကွာလာလမ်ပူ လေဆိပ်တွင် ကင်ဂျုံးနမ်အား မျက်နှာအား မှုတ်ဆေးဖြင့် ဖျန်းပက်ခဲ့ခြင်း ဖြစ်ကာ ယင်းနောက်တွင် ကင်ဂျုံးအွန်က ဓာတုအဆိပ်မိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ အောက်တိုဘာလအတွင်းမှ စတင်ကာ လူသတ်မှုဖြင့် စစ်ဆေးကြားနာပြီး မျက်မြင်များ၊ မှုခင်းဆရာဝန်များ၊ ရဲထောက်လှမ်းရေးများ၊ လေဆိပ်အလုပ်သမားများကိုပါ စစ်ဆေးကြားနာခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်က ကင်ဂျုံးနမ်သည် မကာအိုသို့ ထွက်ခွာမည့် လေယာဉ်ပေါ် မတက်ရောက်မီ ယင်းသို့ ကြံုတွေ့ခြင်း ဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly