ညီနောင်တိုင်းရင်းသားများ ဖယ်ဒရေးရှင်းက တစ်နိုင်ငံလုံး ၆၉၉ နေရာဝင်ပြိုင်မည်

ညီနောင်တိုင်းရင်းသားများ ဖယ်ဒရေးရှင်းက တစ်နိုင်ငံလုံး ၆၉၉ နေရာဝင်ပြိုင်မည်

တိုင်းရင်းသားပါတီ ၂၃ ပါတီဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားများ ဖယ်ဒရေးရှင်း (NBF) က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ၆၉၉ နေရာ ဝင်ယှဉ်ပြိုင်မည်ဟု အဖွဲ့ တာဝန်ရှိသူ ဆရာမ ချင်းချင်းက မဇ္ဈိမသို့ ပြောသည်။

စက်တင်ဘာ ၂ ရက်တွင် ရွေးကောက်ပွဲ ဝင်ရခြင်း ရည်ရွယ်ချက်ကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ကြေညာချက်တစ်ရပ် ထုပ်ပြန်မည်ဟု ၎င်းက ဆိုသည်။

သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ လမ်းမတော်ပလာဇာ၊ လမ်းမတော်လမ်း ၀၉/၀၅ (ကိုးလွှာ) ၌ ကျင်းပမည ်ဖြစ်သည်။

ညီနောင်တိုင်းရင်းသားများ ဖယ်ဒရေးရှင်း (Nationalities Brotherhood Federation) အား မှုလက တိုင်းရင်းသားပါတီ ၂၁ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဓနုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ထပ်မံဝင်လာသောကြောင့် ၂၃ ပါတ ရှိလာပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly