တူရကီ သမ္မတ အာဒိုဂန် ရွေးကောက်ပွဲ ထပ်မံအနိုင်ရကြောင်း ကြေညာ

တူရကီ သမ္မတ အာဒိုဂန် ရွေးကောက်ပွဲ ထပ်မံအနိုင်ရကြောင်း ကြေညာ

အန်ကာရာ၊ ဇွန် ၂၅ ။             ။ တူရကီသမ္မတ တေယစ်အာဒိုဂန်က ဇွန် ၂၄ ရက်က ကျင်းပသော သမ္မတ ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရကြောင်း ကြေညာသည်။

မဲရလဒ် ၉၆ ရာခိုင်နှုန်း ရေတွက်ပြီးနောက် ယခုကဲ့သို့ ကြေညာခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲကော်မရှင်က တရားဝင် ရလဒ် မထုတ်ပြန်သေးပေ။

ထို ၉၆ ရာခိုင်နှုန်းတွင် အများစုသော မဲများ အနိုင်ရခြင်းဖြစ်ရာ ရွေးကောက်ပွဲ ထပ်ကျင်းပရန် မလိုသည့် အခြေအနေဖြစ်ကြောငး် Anadolu သတင်းဌာနက ကြေညာသည်။

“ကျွန်တော်တို့ တရားဝင်ရလဒ်တော့ မထွက်သေးဘူး။ ဒါပေမယ့် ရေတွက်ပြီးတဲ့ ပြီးစီးလု မဲရလဒ်အရ ကျွန်တော်ကို သမ္မတအဖြစ်၊ နိုင်ငံခေါင်းဆောင်အဖြစ် အတည်ပြုထားတယ်။”ဟု NTV ရုပ်သံချန်နယ်မှနေ၍ အာဒိုဂန်က မိန့်ခွန်းပြောသည်။

ရေတွက်ပြီးသလောက် မဲရလဒ်တွင် ၂၀၀၂ ခုနှစ်မှစတင်ပြီး တူရကီနိုင်ငံကို အုပ်ချုပ်ခဲ့သော AKP ပါတီနှင့် လက်ယာ MHP ပါတီတို့ ပေါင်းစည်းသော Cumhur ညွန့်ပေါင်းပါတီက အများစုသော မဲများ အနိုင်ရထားကြောင်း အာဒိုဂန်က မှတ်ချက်ပြုသည်။

သို့သော် အတိုက်အခံများက လိမ်လည်မှု ရှိသည်ဟု ရှုမြင်ထားသော ရေတွက်ပြီး မဲရလဒ်ကို မေးခွန်းထုတ်ထားပြီး မဲရလဒ်အဆုံးတွင် အာဒိုဂန်အနေဖြင့် ၅၀ ရာခိုင်နှုန်း အောက်သာ မဲရရှိမည်ဖြစ်ပြီး ဇူလိုင် ၈ ရက်တွင် နောက်ထပ်ရွေးကောက်ပွဲ ကျင်းပရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly