မနောကွင်းတွင် ပြုလုပ်ခဲ့သော ဆုတောင်းပွဲဦးဆောင်ခဲ့သူကို တရားရုံးမှ ဒဏ်ငွေတစ်သောင်းချမှတ်

.

ဒဏ်ငွေအရိုက်ခံရတဲ့ ဦးယိမ်းတန်းပုံ (ဓာတ်ပုံရိုက်သူ ဦးဇ်ာဂျက်)

 

ရန်ကုန်၊ ဇွန် ၁၂ ။         ။ ကချင်ပြည်နယ်၊ မနာကွင်းတွင်  “ ကချင်ဒေသ တစ်ကျော့ပြန် စစ်ပွဲ ၇ နှစ်ပြည့် အခမ်းအနား” ဆုတောင်းပွဲ ဦးဆောင်ပြုလုပ်ခဲ့သည့် ဦးယိမ်းတန်းကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ဖြင့် မြို့နယ်တရားရုံးမှ ဒဏ်ငွေ တစ်သောင်းချမှတ်ခဲ့ကြောင်းသိရသည်။

ဇွန်လ ၉ ရက်နေ့တွင် စီတာပူရပ်ကွက်ရှိ မနောကွင်းတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ချိန်ကျော်လွန်ခြင်းနှင့် ခွင့်ပြုချက်မပေးထားသည့် သရုပ်ဖော်ပြ ကွက်ကိုပြသည့်အတွက် မြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း ဆုတောင်းပွဲတွင်ပါဝင်သူ ဦးဇော်ဂျတ်ကပြောသည်။

“ အစကကျွန်တော်တို့ကို လာတားတာကတော့ ပြဇာတ်ကို အဓိကထားပြီးမှလာတားတာပေါ့။ ကျွန်တော်တို့ကို တရားစွဲတာက စည်းကမ်းဖောက်ဖျက်မှုပေါ့။ အချိန်ကျော်လွန်မှုနဲ့စွဲခြင်းဖြစ်တယ် “ ဟု ၄င်းကဆိုသည်။

သရုပ်ဖော်ခဲ့သည့်ပြဇာတ်မှာလည်း စစ်ဘေးရှောင်စခန်းများတွင် ကလေးငယ်များနေထိုင်ကြုံတွေ့နေရသည်များကိုသာသရုပ်ဖော်ခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် တပ်မတော်ကို ထိခိုက်စေမည့် စကားလုံးများမပါဝင်ဟု ဦးဇော်ဂျက်ကဆက်လက်ပြောသည်။

အဆိုပါဆုတောင်းပွဲတွင်နှစ်ဘက်တပ်များ တိုက်ခိုက်မှုချက်ချင်းရပ်တန့်ရန်၊ စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ကူညီကြရန်အပါအ၀င် အချက် ၇ ချက်ကို ထုတ်ပြန်တောင်းဆိုခဲ့သည်။

မနောကွင်း၌ ပြုလုပ်သည့် ကချင်ဒေသ တစ်ကျော့ပြန် စစ်ပွဲ ၇ နှစ်ပြည့် ဆုတောင်းပွဲအခမ်းအနားကို စစ်ရှောင်စခန်းမှ ပြည်သူ များ၊ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများနှင့် ဒေသခံများ ထောင်ချီ တက်ရောက်ခဲ့သည်။