ဂျီ ရ အုပ်စုမှာ ရုရှားကို ပြန်ထည့်ဖို့ ဒေါ်နယ်ထရမ့် တောင်းဆို

ဂျီ ရ အုပ်စုမှာ ရုရှားကို ပြန်ထည့်ဖို့ ဒေါ်နယ်ထရမ့် တောင်းဆို

 

ဇွန် ၉ ။         ။ ကမ္ဘာ့ ဖွံ့ဖြိုးပြီး စီးပွားရေးအင်အားကြီး နိုင်ငံများအုပ်စု ဂျီ ရ အနေနဲ့ ရုရှားကို ပြန်လည်ထည့်သွင်းပြီးတော့ ဂျီ ၈ ဆိုပြီး ပြန်လုပ်သင့်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်တောင်းဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ် ယခုနှစ်လုပ်ဆောင်တဲ့ ဂျီ ရ ထိပ်သီးအစည်းအဝေး သို့ မသွားခင်မှာပဲ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထရမ့်က အထက်ပါအတိုင်း ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ဂျီ ရ မဟာမိတ် အုပ်စုအနေနဲ့ ရုရှားကို အဖွဲ့တွင်းကနေ ထုတ်ပယ်ထားတာကို ခုချိန်မှာ ရပ်ဆိုင်းပြီး ပြန်လည်ကြိုဆိုသင့်နေပြီ ဖြစ်ကြောင်း ထရမ့်က ပြောသွားပါတယ်။

ယူကရိန်း ခရိုင်းမီးယားကို ရုရှားတို့ ကျူးကျော်သိမ်းပိုက်ခဲ့တဲ့နောက် ၂၀၁၄ ခုနှစ်မှာပဲ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအုပ်စုဘက်က မော်စကို ကို အဖွဲ့တွင်းကနေ ဆိုင်းငံ့ထုတ်ပယ်ထားခဲ့တာဖြစ်ပါတယ်။

" ဒါဟာ ရုရှားအတွက်ကတော့ အိပ်မက်ဆိုးတစ်ခု ဖြစ်နေခဲ့မှာပါ၊ ဒါပေမယ့် ခုဒီချိန်တွေမှာတော့ ဒီ ဂျီ ရ အစည်းအဝေးမှာတော့ ရုရှားတို့ ပြန်ပါသင့်နေပါပြီ" ဆိုပြီး ထရမ့်က ပြောသွားပါတယ်။

ခုလို ထရမ့်ရဲ့ မှတ်ချက်စကားတွေအပေါ်မှာတော့ ကျန်တဲ့ ဂျီ ၆ အဖွဲ့ဝင်နိုင်ငံတွေဘက်က လက်ခံသဘောတူဖွယ်ရာတော့ မရှိပါဘူး။

ဥရောပ မဟာမိတ် နိုင်ငံတွေကတော့ ရုရှားတို့ဘက်က ယူကရိန်းအရှေ့ခြမ်း ခွဲထွက်ရေးသမားတွေကို ထောက်ပံ့ပေးနေမှု၊ မော်စကိုအစိုးရ ဆန့်ကျင်သူတွေကို ဥရောပမြေပေါ်အထိ လာရောက်လုပ်ကြံုဖို့ ကြိုးစားမှု၊ အနောက်အုပ်စု ရွေးကောက်ပွဲတွေကို ၀င်နှောက်ယှက်မှု စတာတွေနဲ့ပတ်သက်လို့ မော်စကို အပေါ် အမျက်ထွက်နေလျက်ရှိပါတယ်။

ယခု ကျင်းပနေပြီ ဖြစ်တဲ့ ဂျီ ရ အစည်းအဝေးမှာ ထရမ့်နဲ့ ကျန် မဟာမိတ်နိုင်ငံ အစိုးရတွေအကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေး မကျေလည်မှုတွေနဲ့ပတ်သက်လို့ အပြင်းအထန် ညှိနှိုင်းဆွေးနွေးသွားရဖွယ် ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags