ထရမ့် ပထမဆုံးတက်ရောက်မည့် ကနေဒါ ဂျီ ရ အစည်းအဝေးကို လူရာနှင့်ချီကာ ဆန္ဒပြ

ထရမ့် ပထမဆုံးတက်ရောက်မည့် ကနေဒါ ဂျီ ရ အစည်းအဝေးကို လူရာနှင့်ချီကာ ဆန္ဒပြ

ကွီးဘတ်၊ ဇွန် ၈ ။               ။ ကနေဒါနိုင်ငံတွင် ဇွန် ၈ ရက်၌ ကျင်းပမည်ဖြစ်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပထမဆုံးအဖြစ် တက်ရောက်မည့် ဂျီ ရ အစည်းအဝေးကို ကွီးဘတ်မြို့က လမ်းများတွင် လူရာနှင့်ချီကာ ဇွန် ရ ရက် ညပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။

ဆန္ဒပြသူများက လမ်းများအတိုင်း စုရုံးချီတက်ရာတွင် အဓိကရုဏ်များ မဖြစ်ပွားအောင် ရဲများက တစ်ဖက်တစ်ချပ်တွင် ရံကာ အသင့်ရှိနေသည်။

အနောက်အုပ်စုကို အားနည်းသွားစေနိုင်သော ကုန်သွယ်ရေးစစ်ပွဲအရေး စိုးရိမ်မှုများ ရှိလင့်ကစား ဥရောပနှင့် အိမ်ရှင်အဖြစ် ကျင်းပသော ကနေဒါတို့က ဂျီ ရ ထိပ်သီးအစည်းအဝေးတွင် ယင်းအရေးကို ထိပ်တိုက်အတွေ့ခံ ပြောဆိုမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဇွန် ရ ရက်က သတိပေးသည်။

ကွီးဘတ်တွင် စက်မှုဒီမိုကရေစီ ဂျီ ရ အုပ်စုမှ ခေါင်းဆောင်များ ယခုအစည်းအဝေးနှင့်အတူ ကနေဒါ ၀န်ကြီးချုပ် ထရူဒူက အမေရိကန်က ချမှတ်ပြဌာန်းသော ကုန်သွယ်ရေးစည်းကြပ်ခွန်များအရေးနှင့် ပတ်သက်ပြီး အငြင်းအခုံ အရေးဆိုလိမ့်မည် မဟုတ်ကြောင်း ထရမ့်အား ပြောသည်။

အစည်းအဝေး မတိုင်မီ ဇွန် ရ ရက်က ထရူဒူနှင့် တွေ့ဆုံခဲ့သည့်  ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ထရမ့် တက်ရောက်မည့် ယင်းအစည်းအဝေးတွင် ၎င်းအနေဖြင့် ဗြိတိန်၊ ဂျာမနီနှင့် အီတလီ ခေါင်းဆောင်များမှ ထောက်ခံမှုကိုပဲ အားထားသွားမည်ဟုလည်း ပြောဆိုသည်။

“အမေရိကန် သမ္မတအနေနဲ့ အစည်းအဝေးမှာ အထီးကျန်ဖြစ်တယ်လို့ စိတ်မထားစေချင်ဘူး။ ဒါပေမယ့် လိုအပ်ရင်တော့ ကျွန်တော်တို့ဟာ ခြောက်နိုင်ငံ သဘောတူညီမှုတစ်ရပ်ကိုပဲ လက်မှတ်ထိုးကြဖို့ စိတ်ပိုင်းဖြတ်ထားတယ်။”ဟု မက်ခရွန်က တွစ်တာတွွင် ရေးသားသည်။

သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံများကို သံမဏိနှင့် အလူမီနီယံ အမေရိကန်သို့ တင်သွင်းမှုတွင် သွင်းကုန်ခွန်များ စည်းကြပ်ကောက်ခံရန် ချမှတ်ပြဌာန်းခဲ့ခြင်းကြောင်း ၎င်းနိုင်ငံများကလည်း လက်တုံ့ပြန်ရေး ပြင်ဆင်မှုဖြင့် ကုန်သွယ်ရေးစစ်ပွဲတစ်ရပ် ပေါ်ပေါက်လာမည့်အရေး စိုးရိမ်မှုများ ရှိနေခြင်းလည်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly