ဗင်နီဇွဲလားအား ဆန်ရှင်သစ်များ ချမှတ်ရန် အီးယူစဉ်းစားနေကာ ရွေးကောက်ပွဲသစ် တောင်းဆို

ဗင်နီဇွဲလားအား ဆန်ရှင်သစ်များ ချမှတ်ရန် အီးယူစဉ်းစားနေကာ ရွေးကောက်ပွဲသစ် တောင်းဆို

 

ဘရပ်ဆဲလ်၊ မေ ၂၉ ။                         ။ သမ္မတဖြစ်သူ မာဒူရိုသာ ဒုတိယသက်တမ်း ထပ်မံအရွေးခံရသည့် ဗင်နီဇွဲလားရွေးကောက်ပွဲသည် ယုံကြည်ရမှုမရှိဟု အီးယူအဖွဲ့ဝင်နိုင်ငံများက ဆိုပြီး ရွေးကောက်ပွဲသစ် ပြန်လည်ကျင်းပရန် တောင်းဆိုလိုက်သည်။

ထိုသို့ ယုံကြည်မထိုက်သည့် ရွေးကောက်ပွဲကြောင့် တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားအား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်များချမှတ်ရန် စဉ်းစားနေသည်ဟုလည်း အီးယူက ဆိုသည်။

ရွေးကောက်ဆိုင်ရာရက်များအား လျှော့ချထားခြင်း၊ အတိုက်အခံနိုင်ငံရေးပါတီများ မပါဝင်နိုင်ခြင်း၊ မဲပေးသူများကိုလည်း အကျပ်ကိုင်မှုများ ရှိနေနိုင်ခြင်းတို့ကြောင့် မေ ၂၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှုမရှိကြောင်း အီးယူနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ထုတ်ပြန်ထားသည်။

"ထိုနောက်ခံအချင်းအရာများကြောင့် ဗင်နီဇွဲလား ဖွဲ့စည်းပုံနှင့်ညီသော၊ နိုင်ငံတကာဒီမိုကရေစီစံနှုန်းများနှင့် ချိန်ထိုးနိုင်သော သမ္မတရွေးကောက်ပွဲသစ် ပြန်လည်ကျင်းပရေး အီးယူက တောင်းဆိုကြောင်း။" ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly