IMF ညွန်ကြားရေးမှူးဟောင်းအား အစိုးရဖွဲ့ရန် အီတလီသမ္မတ တိုက်တွန်း

IMF ညွန်ကြားရေးမှူးဟောင်းအား အစိုးရဖွဲ့ရန် အီတလီသမ္မတ တိုက်တွန်း

ရောမ၊ မေ ၂၈ ။         ။ အီတလီနိုင်ငံတွင် လွန်ခဲ့သည့် နှစ်လ ရွေးကောက်ပွဲပြီးချိန်မှစကာ နိုင်ငံရေးလိပ်ခဲတည်းလည်းအခြေအနေရှိနေခဲ့ကာ ပါလီမန်မခေါ်နိုင်ဖြစ်နေခြင်းအား အဆုံးနိုင်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ညွန်ကြားရေးမှူးဟောင်းအဖြစ် ထမ်းဆောင်ဖူးသူအား အစိုးရတစ်ရပ်ဖွဲ့စည်းရန် သမ္မတက မေ ၂၈ ရက်က တိုက်တွန်းလိုက်သည်။

သမ္မတ ဆာဂျီယိုမတ်တာရီလာ၏ ကားလို့စ်ကော့တာရီလာအား အစိုးရဖွဲ့ရန် တရားဝင်တိုက်တွန်းချက်သည် ပေါပြူလစ်ဇင်များနှင့် အစိုးရဖွဲ့ရေးဆန့်ကျင်နေသည့် ပါတီခေါင်းဆောင်များက သမ္မတအား အပြစ်စွဲတင်ရေး တောင်းဆိုနေစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

သာမန်လူထုအကျိုးရှေးရှုဝါဒီ ပေါပြူလစ်ဇင် Five Stars Movement (M5S) နှင့် လက်ယာစွန်း League ပါတီတို့က ဘဏ္ဍာရေးဝန်ကြီးအဖြစ် အီးယူကို မယုံကြည်သူ အသက် ၈၁ နှစ်ရှိ ပါအိုလိုဆာဗိုနာအား အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သော်လည်း သမ္မတက ပယ်ချခဲ့ခြင်း ဖြစ်သည်။

ကော့တာရီလာက လက်ခံပြီးဖြစ်သော သမ္မတ၏ ပန်ကြားချက်ကို သမ္မတရုံး အထွေထွေအတွင်းရေးမှူးချုပ်က ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

M5S နှင့် League ပါတီတို့အပြင် ယခင်ဝန်ကြီးချုပ်ဟောင်း ဘာဘူစကိုနီ၏ လက်ဝဲယိမ်း Forza Italia ပါတီကပါ ကော့တာရီလာအား မဲပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly