သီရိလင်္ကာတွင် မုတ်သုံမိုး သည်းထန်မှုအတွင်း သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

သီရိလင်္ကာတွင် မုတ်သုံမိုး သည်းထန်မှုအတွင်း သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ကိုလံဘို၊ မေ ၂၈ ။                              ။ သီရိလင်္ကလာနိုင်ငံတွင် ပြီးခဲ့သည့် ဆယ်ရက်က မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခြင်းများအတွင်း သေဆုံးသူဦးရေသည် အနည်းဆုံး ၂၃ ဦး ရှိသွားပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းကြသူများမှာ ရ၅၀၁၃ ဦးရေရှိကြောင်း နောက်ဆုံးတရားဝင်စာရင်းများအရ သိရသည်။

လူများအား ဒုက္ခသည်စခန်းနှင့် ခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားနေစဉ် ပျောက်ဆုံးသူဦးရေ ၁၃ ဦး ရှိကြောင်း နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲရေးစင်တာက ထုတ်ပြန်သည်။

ခရိုင် ၂၀ နီးပါး အထူးသဖြင့် နိုင်ငံ၏ တောင်ပိုင်းနယ်မြေတစ်ဝက်လုံးနီးပါးတွင် မိုးသည်းထန်ပြီး  လေပြင်းများ တိုက်ခတ်ခြင်းကို ပြည်သူပေါင်း ၁၆၆၂၂၈ ဦးရေမှာ သီတင်းတစ်ပတ်ကျော်မျှ ရင်ဆိုင်ခံစားနေရသည်။

ထိုပြင် အိမ်ခြေပေါင်း ၁၁၈ လုံး ပျက်စီးကာ အိမ် ၅၀၇၃ လုံးနှင့် အခြေခံအဆောက်အအုံပေါင်း ၂၄ ခု ထိခိုက်မှု ဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်ပေါင်း ၁၃၅၉ ဦးရေကို နိုင်ငံအနှံ့ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဖြန့်ကြက်ထားပြီး အင်အား ၆၂၆၄ ကို အရံအသင့်ထားရှိထားကြောင်း ယင်းစင်တာက ဆိုသည်။

နိုင်ငံ အနောက်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် ဆာဘာရာဂါမူဝါပြည်နယ်များတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သော်လည်း မေ ၂၇ ရက်မှစကာ အနောက်တောင်ပိုင်း နယ်မြေများ ရာသီဥတုကောင်းမွန်လာမည် မျှော်လင့်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly