ညှဉ်းပမ်းနှိပ်စက်မှုဒဏ်ဖြင့် သေဆုံးခဲ့သော အိမ်အကူအမျိုးသမီး၏ ကျန်ရှိမိသားစုကို ကူညီပေးသွားမည်

ညှဉ်းပမ်းနှိပ်စက်မှုဒဏ်ဖြင့် သေဆုံးခဲ့သော အိမ်အကူအမျိုးသမီး၏ ကျန်ရှိမိသားစုကို ကူညီပေးသွားမည်
ဓာတ်ပုံ - Dr Kyaw Zin Oo

 

ရန်ကုန်၊ မေလ ၂၃ ။              ။ ညှဉ်းပမ်းနှိပ်စက်မှုဒဏ်ဖြင့် သေဆုံးခဲ့သော ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အုတ်ဖိုကျေးရွာ၊ ခတ္တိယကျေးရွာနေ ကရင်မ(ခ) မခင်စန္ဒာဦး၏ ကျန်ရှိသည့် မိသားစုဝင်များကို အခက်အခဲပေါ်မှုတည်ပြီး ကူညီပေးနိုင်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြော သည်။

အသက် ၄ဝ အရွယ်ခန့်ရှိ ကရင်မ(ခ) မခင်စန္ဒာဦးမှာ အင်းတိုင်သံချပ်ကာတပ်ရင်းအရာရှိရိပ်သာတွင် နေထိုင် သည့် ပဲခူးခရိုင်ဥပဒေရုံးတွင် အဆင့် ၄ ဒုတိယဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါ်သိ င်္ဂီစုထံတွင် အိမ်အကူလုပ်ကိုင်စဉ် ရိုက်နှက်ကန်ကျောက်နှိပ်စက်ခံခဲ့ရကြောင်း သိရသည်။

 ထိုသို့ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး ကရင်မ(ခ) မခင်စန္ဒာဦးထံတွင် ဒဏ်ရာများရရှိချိန် ဒေါ်သိ င်္ဂီစုက ကရင်မ(ခ) မခင်စန္ဒာဦးကို နေအိမ်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး မကြာမီ ကရင်မ(ခ) မခင်စန္ဒာဦးမှာ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ကျောကုန်း၊ ဝဲဘက်ရင်အုံပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

“ အမျိုးသမီးက သူက ကလေး လေးယောက်ကျန်ခဲ့တယ်ဗျ။ ကလေးလေးယောက်ကျန်ခဲ့တော့ သူကနှစ် ယောက်ကို သူ့ညီမနဲ့ ထားထားခဲ့တာဗျ။ ထားထားခဲ့ပြီး အလုပ်သွားလုပ်ပြီးတော့ ပိုက်ဆံတွေဘာတွေ အဲ့ဒီလို မျိုးပေါ့ သူ့သားသမီးတွေ ကျောင်းထားဖို့၊ ကျွေးမွေးဖို့ မှာထားတဲ့ ပုံစံမျိုးရှိ တယ်။သူ့သား အကြီးကောင်လေးနဲ့ မွေးစားသူ့အမေနဲ့ လိုက်ပြီး ကောက်နှုတ်တယ်ပေါ့နော် အဲ့ဒီလိုမျိုးတွေရှိတယ်။ အဲ့ဒီပေါ်မှာလည်း သူတို့ရဲ့ အခြေအနေပေါ်မှုတည်ပြီး ကူညီပေးဖို့ စီစဉ်ရမှာပေါ့။ အခက်အခဲရှိတဲ့အပေါ်မှာ မူတည်ပြီးတော့။ အခုလော လောဆယ် တော့ သူတို့ အမှုလိုက်ဖို့ကိစ္စတွေ ဘာတွေကတော့ ပြင်ပအဖွဲ့အစည်းတွေက လာဆက်သွယ် ပါတယ်။ လာဆက်သွယ်တော့ ကျွန်တော်တို့က ချိတ်ပေးထားတယ်။ ရှေ့နေငှားတယ်မျိုးတို့ပေါ့ ”ဟု ဒေါက်တာ ကျော်ဇင်ဦးက ပြောသည်။

အိမ်အကူအဖြစ်လုပ်ကိုင်ခဲ့သူ ကရင်မ(ခ) မခင်စန္ဒာဦးအား ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဆိုသော ပဲခူးခရိုင် ဥပဒေရုံးမှ အဆင့် ၄ ဒုဦးစီးမှူးဒေါ်သိ င်္ဂီစု ဆိုသူအား အမှုစစ်ဆေးချက်အရ ကျူးလွန်ကြောင်းစစ်ဆေး ပေါ် ပေါက်ခဲ့သဖြင့် အိမ်အကူအား ရိုက်နှက်ညှဉ်းပန်းနှိပ်စက်၊ အသက်သေဆုံးစေမှုဖြင့် မေလ ၂၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် ခတ္တိယကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းက တရားလိုပြုလုပ်တိုင်ကြားချက်အရ ခလောက်ချိုင့် နယ်မြေရဲစခန်းတွင် (ပ)၆၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ဒေါ်သိ င်္ဂီစုအား ရဲတပ်ဖွဲ့မှ ချုပ်ရမန်ယူစစ်ဆေးနေကြောင်း သိရသည်။

“ ကျွန်တော်တို့ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတော့ ကိုယ်ဒေသကလူတွေ မနစ်နာအောင်၊ နောက် တစ်ခုက မျှတတဲ့တရားစီရင်ရေးဖြစ်အောင် စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ ဖြစ်စေချင်တာက ဆင်းရဲ ချမ်း သာမရွေး၊ ရာထူးအာဏာ ရှိ၊ မရှိ မျှတတဲ့ ဥပဒေတစ်ခုအောက်ကနေသွားကြရမယ်လေ။ အဲ့ဒီလိုမျိုးကို ကျွန် တော်တို့ စောင့်ကြည့်သွားမယ်။ မျှတရင်တော့ မျှတသလိုပေါ့ ကျွန်တော်တို့ ချိတ်ဆက်ဆောင်ရွက် ထားတာ တွေရှိပါတယ်” ဟု ဒေါက်တာကျော်ဇင်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ဒုဦးစီးမှူး ဒေါ်သိ င်္ဂီစုဆိုသူမှာ ၎င်းမိခင်ဖြစ်သူနှင့်အတူ အုတ်ဖိုကျေးရွာသို့ ၎င်းတို့အိမ်အကူအဖြစ်ငှားရမ်းသွားခဲ့သည့် ကရင်မ(ခ)မခင်စန္ဒာဦးကို ကျေးရွာရာအိမ်မှူး၊ ရပ်မိရပ်ဖများထံ လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။

ထိုသို့လာရောက်အပ်နှံရာတွင် ကျန်းမာရေးမကောင်းသဖြင့်ပြန်လာပို့ခြင်းဖြစ်ကြောင်း၊ ကရင်မ(ခ)မခင်စန္ဒာဦး ပိုင်ဆိုင်သည့် ငွေသားအဖြစ် ငွေကျပ် ၁၈ဝဝဝဝ ( တစ်သိန်းရှစ်သောင်းကျပ်) အားပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကရင်မ(ခ)မခင်စန္ဒာဦး မသေဆုံးမီ ၎င်းအား ဆေးရုံသို့ ပို့ဆောင်ပေးရန်ပြောဆိုခဲ့ပြီး ၎င်းအား အိမ်ရှင်ဖြစ်သူ ဒုဦးစီးမှူး ဒေါ်သိ င်္ဂီစုဆိုသူက ဆွဲကြိုးခိုးယူသည်ဟုဆိုကာ ခြေထောက်ဖြင့် ကန်ခဲ့သည့်အပြင် ကျောက်ပြင်နှင့်ပါ ထုခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly