အချို့ရွှေ့ပြောင်းနေထိုင်သူများသည် တိရိစ္ဆာန်အဆင့်သာရှိသည်ဟု ထရမ့်ပြောဆို

အချို့ရွှေ့ပြောင်းနေထိုင်သူများသည် တိရိစ္ဆာန်အဆင့်သာရှိသည်ဟု ထရမ့်ပြောဆို

၀ါရှင်တန်၊ အမေရိကန်၊ မေ ၁၈ ။                   ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နယ်စပ်တံတိုင်းကာခြင်းနှင့်ဥပဒေပြဌာန်းမှုတို့နှင့်ပက်သက်၍ ဗုဒ္ဓဟူးနေ့က  ပြုလုပ်ခဲ့သောဆွေးနွေးပွဲ၌ အချို့သောရွှေ့ပြောင်းနေထိုင်သူများသည် တိရိစ္ဆာန်အဆင့်သာရှိသည်ဟု ရည်ညွှန်း ပြောဆိုခဲ့သည်။

“ကျုပ်တို့နိုင်ငံအတွင်းကို ၀င်ရောက်လာဖို့ကြိုးစားနေကြသူတွေ၊ ၀င်ရောက်လာတဲ့သူတွေရှိနေပါတယ်။ဒီလူတွေ ကို ကျုပ်တို့တိုင်းပြည်အပြင်ကို ထုတ်ပစ်တော့မှာပါ” ဟု ထရမ့်က အိမ်ဖြူတော်သို့အလည်ရောက်ရှိလာသော ကယ်လီဖိုးနီးယားပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ်များကို ပြောခဲ့သည်။

ဆက်လက်ပြီး ထရမ့်က “ဒီလူတွေဘယ်လောက်တောင်ဆိုးရွားလဲဆိုတာ ခင်ဗျားတို့ယုံတောင်ယုံမှာမဟုတ်ဘူး။ သူတို့ဟာ လူတွေမဟုတ်ကြပါဘူး။ သူတို့ဟာ တိရိစ္ဆာန်တွေပဲဖြစ်ပါတယ်။ ပြီးတော့ သူတို့ကို ကျုပ်တို့တိုင်းပြည် ထဲကနေ ထုတ်ပစ်ရပါမယ်” ဟု ဆိုခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူများနေထိုင်ရာ မြို့များနှင့် MS-13 လူမိုက်ဂိုဏ်းတို့နှင့်ပက်သက်ပြီး ရွှေ့ပြောင်းနေထိုင်မှု နှင့် တရားဥပဒေပြဌာန်းခြင်းအစီအစဉ်အတွက် မှတ်ချက်များပေးခဲ့ပြီးနောက်တွင် ထရမ့်က ယခုလိုပြောဆိုခဲ့ ခြင်း ဖြစ်သည်။

အမေရိကန်ပြည်တွင်း၌ပေါက်ဖွားလာပြီး အယ်ဆာဗေးဒေါဂိုဏ်းသားအများအပြားဖြင့်ဖွဲ့စည်းထားသည့် MS-13 လူမိုက်ဂိုဏ်းကိုလည်း ထရမ့်ကဝေဖန်ခဲ့ပြီး ယင်းအဖွဲ့သည် ရက်စက်သောလူသတ်သမားများနှင့် ဖွဲ့စည်းထား ခြင်းဖြစ်ကာ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပက်သက်မှုရှိသည်ဟု ဆိုခဲ့သည်။

ထရမ့်၏ယင်းသို့ ပြောဆိုချက်များကို ဒီမိုကရက်အမတ်များက ဝေဖန်လျက်ရှိပြီး “ရွှေ့ပြောင်းနေထိုင်သူတွေဟာ လည်း လူသားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ရာဇဝတ်သားတွေ၊ တိရိစ္ဆာန်တွေမဟုတ်ကြပါဘူး။ မူးယစ်ဆေးဝါး ရောင်းသူတွေ၊ မုဒိမ်းသမားတွေ မဟုတ်ကြပါဘူး။ သူတို့ဟာလူသားတွေပါပဲ” ဟု ကော်လိုရာဒိုမှလွှတ်တော် ကိုယ်စားလှယ် ဂျားပိုလစ်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags