၁ဝ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား သေဒဏ် ချမှတ်

၁ဝ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား သေဒဏ် ချမှတ်
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ မေလ ၁၂ ။                        ။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းဘူတာကြားရှိ ရထားသံလမ်းပေါ်တွင် ၁ဝ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား သေဒဏ်ချမှတ်လိုက်သည်။

ပြစ်မှုကျူးလွန်သူတရားခံမှာ ကျော်အောင် (ခ) ကျော်ကြီး(ခ)ပြာကလောင် ဆိုသူဖြစ်ပြီး ၎င်းအား လူသတ်မှု အပြင် မုဒိမ်းမှုကိုပါ ကျူးလွန်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အနောက်ပိုင်းခရိုင်တရားရုံးမှ မေလ ၁၁ ရက်နေ့တွင် သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းဂုံး ကျော်တံတားအောက် တွင် ပန်းရောင်းနေသည့် အမျိုးသမီးက ၎င်းပန်းရောင်းနေစဉ် ညီမဖြစ်သူ၏ ခင်ပွန်းဖြစ်သူ တောင်းရမ်းစား သောက်နေသူ ကျော်အောင်(ခ) ကျော်ကြီးဆိုသူက ရောက်ရှိလာသည်။

ထိုသို့ ကျော်အောင်(ခ) ကျော်ကြီးဆိုသူက ရောက်ရှိပြီး ၎င်းတစ်ဦးတည်းပိုက်ဆံတောင်းရမ်းနေသည်မှာ အဆင် မပြေသဖြင့် သမီးဖြစ်သူ အသက် ၁ဝ နှစ်အရွယ် မိန်းကလေးကို ၎င်းနှင့်အတူထည့်ပေးရန်ပြောဆိုသဖြင့် သမီး ဖြစ်သူအား ပန်းရောင်းနေသူအမျိုးသမီးက ထည့်ပေးလိုက်ကြောင်း သိရသည်။

ညနေ ရ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် ကျော်အောင်(ခ) ကျော်ကြီးဆိုသူမှာ လှည်းတန်းဂုံးကျော်တံတား အောက်သို့ ပြန်လည်ရောက်ရှိလာသော်လည်း သမီးဖြစ်သူမှာ ပြန်ရောက်မလာသဖြင့် ပန်းရောင်းသူအမျိုးသမီး က လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေခဲ့ရာ အသက် ၁ဝ နှစ်အရွယ် မိန်းကလေးကို ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြားရှိ ရထားသံလမ်းပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ကမာရွတ်မြို့ မရဲစခန်းတွင်  (ပ) ၆၄၁/ ၂ဝ၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ  ကျော်အောင် (ခ) ကျော်ကြီး(ခ)ပြာကလောင်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly