ဖိလစ်ပိုင်အလှမယ်များ ပလတ်စတစ်ကင်းစင်ရေးအတွက် ဆော်သြမှု လုပ်ဆောင်

ဖိလစ်ပိုင်အလှမယ်များ ပလတ်စတစ်ကင်းစင်ရေးအတွက် ဆော်သြမှု လုပ်ဆောင်

 

မနီလာ၊ မေ ၁၁ ။              ။ Miss Earth Philippines အလှမယ်ပြိုင်ပွဲအတွက် ဖိလစ်ပိုင်အလှမယ် ဒါဇင်များစွာက မေ ၁၀ ရက်တွင် မီဒီယာသို့ တင်ဆက်မှုများ ပြုလုပ်ကြသည်။

ဘီကီနီအဖြူဝတ်ဆင်လျက် ဒူးထိဖုံးသော အပေါ်ဝတ်ရုံဖြင့် အလှမယ် ၄၂ ဦးက ရေကူးကန်ပတ်လည် ၀င့်ဝင့်ကြွားကြွား အလှပြလျှောက်လှမ်းသည်ကို ဓာတ်ပုံများ တဖျပ်ဖျပ် ရိုက်ကြသည်။

နိုင်ငံအနှံ့က မြို့ပြနှင့် ပြည်နယ်များမှ ယခုအလှမယ်များသည် အလှပြလျှောက်လှှမ်းခြင်း အပြီး “ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်၊ မယ်ကမ္ဘာဖိလစ်ပိုင်က ပလတ်စတစ်ကင်းမဲ့ရာသို့ ဦးတည်”ဆိုသော စာတမ်းကို ကိုင်ဆောင်လျက် အုပ်စုလိုက် ဓာတ်ပုံရိုက်ကြသည်။

ယခု Miss Earth Philippines အလှမယ်ဆု ချီးမြှင့်ခံရသည့် မယ်အနေဖြင့် “အမိကမ္ဘာမြေ ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ”တွင် တက်ကြွစွာ ပါ၀င်လှုပ်ရှားမည်ဖြစ်ကြောင်း အလှမယ်ပွဲကျင်းသည့် အဖွဲ့အစည်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Miss Earth Philippines 2018 ပြိုင်ပွဲကို မေ ၂၇ ရက်တွင် မနီလာရှိ ဒိုင်းမွန်းဟိုတယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly