မေ ၁၀ ။ ။ မေလ ၁၁ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်၊ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ အခြေအနေ၊ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအလားအလာအပါအဝင် မိုးလေဝသခန့်မှန်းချက်တွေကို ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားသည်။
မေလ ၁၀ ရက် ည(၇း၃၈)နာရီတိုင်းတာချက်အရ ကချင်ပြည်နယ်၊ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့မှာ နေရာကွက်ကျား၊ ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပါမယ်။” ဟု မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်ကို ဖော်ပြထားသည်။
မိုးရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်မှုအန္တရာယ်ဖြစ်ပေါ်စေနိုင်သော မိုးတိမ်တောင်နှင့်ပတ်သက်ပြီး “ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်ဖြစ်ရန်သေချာမှု ၃၅% မှ ၅၅% ခန့်၊ကျန်ဒေသများတွင် သေချာမှု ၁၅% မှ ၃၅% ခန့်ရှိနိုင်ပါတယ်။” ဟု ဦးထွန်းလွင်က လူမှုကွန်ယက်မှ တဆင့် ဖော်ပြထားသည်။
တစ်နိုင်ငံလုံးအမြင့်ဆုံးအပူချိန်အနေဖြင့့် 40°C ထိရှိနိုင်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ တွင် တနင်္သာရီတိုင်းဒေသကြီး(တောင်ပိုင်းစွန်း) မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပြီး၊ကျန်ဒေသတွေမှာ လွန်ကဲ အဆင့် တွင်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် အလားအလာ မရှိသေးဘဲ နောက်နှစ်ရက်အတွက်ခန့်မှန်းချက် အနေဖြင့် မြန်မာနိုင်ငံ တောင်ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးပိုလာနိုင်ကြောင်း သတိပေးထားသည်။