အင်ဒိုနီးရှားက ထောင်ဆူပူအုံကြွမှု ပြီးစီးကြောင်း အာဏာပိုင်များ အတည်ပြု

အင်ဒိုနီးရှားက ထောင်ဆူပူအုံကြွမှု ပြီးစီးကြောင်း အာဏာပိုင်များ အတည်ပြု

ဂျကာတာ၊ မေ ၁၀ ။         ။ အင်ဒိုနီးရှားတွင် အကျဉ်းထောင်စောင့် ဝန်ထမ်း ငါးဦးနှင့် အကျဉ်းသားတစ်ဦး သေဆုံးခဲ့သည့် ထောင်ဆူပူအုံကြွမှုမှာ အဆုံးသတ်ကြောင်း အာဏာပိုင်များက မေ ၁၀ ရက်တွင် အတည်ပြုသည်။

အာဏာပိုင်များက ထောင်တွင်းပုန်ကန်ထကြွမှုကို ဝင်ရောက်စီးနင်းခဲ့ရပြီး ဖမ်းဆီူခံထားရသည့် ထောင်စောင့်တစ်ဦးကို ကယ်ဆယ်ကာ ဂျကာတာရှိ ဆေးရုံသို့ တင်ပို့ပေးထားသည်။

ဂျကာတာမြို့တော်ပြင်ပတွင်ရှိသော အဆိုပါအကျဉ်းထောင်သို့ စီးနင်းမှုအတွင်း ပေါက်ကွဲသံများကို လှမ်းကြားနေရသည်။

စီးနင်းမှုတွင် သေကျေပျက်စီးမှုမရှိခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ကော်မရှင်နာချုပ် ဆိုင်ယာဖရူဒင်က ပြောသည်။

အကျဉ်းသားပေါင်း ၁၅၀ နီးပါးက လက်နက်ချအညံ့ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

ရဲဌာနချုပ်ပါ ပူးတွဲရှိနေပြီး အကြမ်းဖက်မှုဖြင့် ဖမ်းဆီးထားသူများကို အများစု ထားရှိရာ အဆိုပါ အကျဉ်းထောင်တွင် ပုန်ကန်သူများက လက်နက် ၃၀ နီးပါးကို လက်ရသိမ်းပိုက်ခဲ့ပြီး အကျဉ်းထောင်ကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

ကနဦးထိပ်တိုက်တွေ့မှုများတွင်း ထောင်စောင့် ငါဦးနှင့် အကျဉ်းသားတစ်ဦးတို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly