သုံးမရသည့် လက်နက်များသယ်လာသူ ဂျပန်နိုင်ငံသား ဘန်ကောက်လေဆိပ်တွင် တားဆီးခံရ

သုံးမရသည့် လက်နက်များသယ်လာသူ ဂျပန်နိုင်ငံသား ဘန်ကောက်လေဆိပ်တွင် တားဆီးခံရ

ဘန်ကောက်၊ မေ ၁၀ ။           ။ ရိုင်ဖယ်ကျည်ကပ်များနှင့် မိုင်းရှင်းကိရိယာတို့ သယ်ဆောင်လာသည့် ဂျပန်နိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဒွန်မြောင်းလေဆိပ်တွင် မေ ၉ ရက်က တားဆီးဖမ်းဆီးခဲ့သည်။

M16 ကျည်ကပ်ခွံ ၁၃ ခု၊ AK 47 ကျည်ကပ်ခွံ ရှစ်ခုနှင့် အသေးစားမိုင်းရှင်းကိရိယာတို့ သယ်ဆောင်လာသူ တာကီယူဟီရာနိုအား ဂျပန်သို့ ထွက်ခွာမည့် လေယာဉ်ပေါ် မတက်မီ တွေ့ရှိဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

စစ်လက်နက်ဟောင်းများစုဆောင်းသူ ဟီရာနိုက ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံသို့ မလာမီ ဗီယက်နမ်၌ ယင်းပစ္စည်းများကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အီးပီအေသတင်းသို့ ပြောသည်။

ထိုင်းဥပဒေအရ လေယာဉ်ပေါ် လက်နက်ပစ္စည်းဟောင်းများ တင်ဆောင်ခွင့် တားမြစ်ထားခြင်းကို အသက် ၂၇ နှစ်ရှိ ဟီရာနိုက မသိကြောင်း ရဲမှူးချုပ် ဆူရာချက်က ပြောကြောင်း ဌာနေမီဒီယာများက ဖော်ပြသည်။

တွေ့ရှိသည့် လက်နက်ပစ္စည်းများသည် အန္တရာယ် မပေးတိုင်ကြောင်း၊ ဟီရာနိုအား ဌာနေရဲစခန်းသို့ ခေါ်ဆောင်ထားပြီး တရားမဝင် လက်နက်ပိုင်ဆိုင်မှုနှင့် ကုန်ကူးမှုတို့ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ရဲဌာနက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly