ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်နိုင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ သွားရောက်

ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်နိုင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသို့ သွားရောက်

မေ ၉ ။          ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုး မေလ ၉ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယခုအခါ ၎င်းအနေဖြင့် ပြုံယမ်း၌ မြောက်ကိုရီးယားအဆင့်မြင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေလျက်ရှိသည်။ တစ်ဆက်တည်းမှာပင် ဆွေးနွေးညှိနှိုင်းမှုများကနေတဆင့် မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား သုံးဦး ပြန်လည်လွတ်မြောက်လာနိုင်သည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်နေလျက်ရှိသည်။

ကင်မ်ဂျံုအန်းတို့ တွေ့ဆုံရမည့် သမိုင်းဝင် ထိပ်သီးအစည်းအဝေးအတွက် အကြို ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးအား မြောက်ကိုရီးယားသို့  စေလွှတ်လိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားထားသည်။

နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးအနေဖြင့် သမိုင်းဝင် နျူကလီးယား ထိပ်သီးအစည်းအဝေးအတွက် အကြိုပြင်ဆင်မှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

အမေရိကန်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များဖြစ်သည့် ထရမ့်နှင့် ကင်မ်တို့အနေဖြင့် မေလအတွင်း သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားရန် ရှိနေသည်။

မိုက် ပွန်ပဲယိုးအနေဖြင့် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး တာဝန်မယူခင် ယခင် CIA ဒါရိုက်တာအဖြစ် ရှိစဉ် ပြီးခဲ့သည့်လတုန်းကလည်း မြောက်ကိုရီးယားသို့ သွားရောက်ပြီး ကင်မ်နှင့်တွေ့ဆုံထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags