ဘရာဇီးတွင် ရဲအား သတ်ဖြတ်သည့် လူမိုက်ဂိုဏ်းအား စီးနင်းမှုအတွင်း ခြောက်ဦး သုတ်သင်ခံရ

ဘရာဇီးတွင် ရဲအား သတ်ဖြတ်သည့် လူမိုက်ဂိုဏ်းအား စီးနင်းမှုအတွင်း ခြောက်ဦး သုတ်သင်ခံရ

 

ရီယိုဒီဂျနေရိုး၊ မေ ၄ ။         ။ ဘရာဇီးနိုင်ငံတွင် ရဲတစ်ဦးအား သတ်ဖြတ်သည်ဆိုသော လူမိုက်ဂိုဏ်းဝင်များနှင့် ရဲတပ်ဖွဲ့၏ ထိပ်တိုက်တွေ့မှုအတွင်း လူမိုက်ဂိုဏ်းဝင် ခြောက်ဦး သေဆုံးကာ အခြားသုံးဦး ဒဏ်ရာရကြောင်း အာဏာပိုင်များက ပြောသည်။

စီဒါဒီမြို့တွင် အဆိုပါ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ကာ ယင်းတိုက်ပွဲကြောင့် မြို့က အဓိကလမ်းမကြီးကို လေးနာရီကြာ ပိတ်ထားခဲ့ရသည်။

ရီယိုဒီဂျနေရိုးပြည်နယ်တွင် အများပြည်သူလုံခြံုရေးအတွက် သမ္မတ မိုက်ကယ်တီးမားက လက်နက်ကိုင်အင်အား တိုးမြှင့်ချထားပြီး နှစ်လကျော်အတွင်း ယခု ပစ်ခတ်မှု ဖြစ်ပွားခြင်းပဲ ဖြစ်သည်။

မေ ၂ ရက် ညပိုင်းက ပြည်နယ်ရဲမှူး ခရုဇ်ကွန်ထရီရာ သတ်ဖြတ်ခံရခြင်းကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့က လူမိုက်ဂိုဏ်းအား စီးနင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

ခရုဇ် သတ်ဖြတ်ခံရခြင်းကြောင့် ယခုနှစ်အတွင်း ရဲများ လုပ်ကြံသတ်ဖြတ်ခံရသည့် အရေအတွက်သည် ၄၀ အထိ ရှိလာခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရီယိုဒီဂျနေရိုးတွင် လူသတ်မှုပေါင်း ၆၇၀၀ ကျော်အထိ ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly