ဂွါတီမာလာက မီးတောင်နှစ်၅၀၀ကျော်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

ဂွါတီမာလာက မီးတောင်နှစ်၅၀၀ကျော်အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲ

ဂွါတီမာလာစီးတီး၊ မေ ၃   ။          ။ ဂွါတီမာလာနိုင်ငံတောင်ပိုင်းက မီးတောင်တစ်တောင်သည် မေ၃ရက်အထိ ပေါက်ကွဲမှုဆက်လက်ဖြစ်ပွားပြီး  ချေ်ာရည် ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။

နိိုင်ငံ၏ ဂွွွွွါတီမာလာစီးတီးမြို့တော် တောင်ပိုင်း မိုင် ၅၀ အကွာရှိ အီစကင်တီယာအရပ်က ပါကာယာမီးတောင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ပြာမှုန်များ ကောင်းကင်ယံအထက် မီတာ၅၀အထိ မှုတ်ထုတ်လျက်ရှိသည်။

အဆိုပါမီးတောင်သည်် ၁၅၆၅ခုနှစ်က ငလျင်များလှုပ်ပြီး ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့သည့် မီးတောင် ဖြစ်သည်။

ယင်းနောက်ပိုင်း လှုပ်ခါမှုများစွာ ဖြစ်ပွားခဲ့ရာတွင် ၂၀၁၀ မေ၂၇ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ပျက်စီးမှုများစွာ ရှိခဲ့သည်။ ၀န်းကျင်တစ်ခွင်လည်း  မီးတောင်ပြာမှုန်များဖုံးလွှမ်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly