သက်တော်စောင့်ဟောင်းများ၏ တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည့် မင်းသားကြီး ဂျွန်နေးဒပ်

သက်တော်စောင့်ဟောင်းများ၏ တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည့် မင်းသားကြီး ဂျွန်နေးဒပ်

 

နာမည်ကျော်မင်းသားကြီး ဂျွန်နေးဒပ်၏ သက်တော်စောင့်ဟောင်း ၂ဦးသည် လုပ်ခလစာမရရှိမှုနှင့် လုံခြံုမှုမရှိ သော အလုပ်ခွင်အခြေအနေများကြောင့် မင်းသားကြီးကို တရားစွဲဆိုရန်ကြိုးပမ်းနေကြသည်။

ယူဂျင်းအာရီအိုလာနှင့် မီဂွယ်ဆန်းချက်အမည်ရှိ သက်တော်စောင့်နှစ်ဦးသည် အင်္ဂါနေ့က လော့စ်အိန်ဂျယ်လိစ် တရားရုံးသို့ အဆိုတင်သွင်းခဲ့ပြီး ဂျွန်နေးဒပ်သည်   ပြည်နယ်လုပ်သားဥပဒေ လိုအပ်ချက်များကို လိုက်နာခဲ့ခြင်းမရှိ ဟု စွပ်စွဲပြောဆိုကာ တရားစွဲဆိုထားကြသည်။

သူတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကစတင်ပြီး ဂျွန်နေးဒပ်၏ ကိုယ်ရံတော်များအဖြစ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၆ တွင် မင်းသားကြီး၏ နေအိမ်ကိုစောင့်ရှောက်သောအဖွဲ့ထဲသို့ ၀င်ရောက်ခဲ့ပြီး ထိုကာလတွင် ဂျွန်နေးဒပ် ၏ အပြုအမူများ စတင်ပြောင်းလဲလာခဲ့သည်ဟု သူတို့က စွပ်စွဲပြောဆိုခဲ့သည်။

ဂျွန်နေးဒပ်သည် အချိန်ပိုလုပ်ခလစာများနှင့် ကျန်ရှိနေသောလစာများကို ပေးချေဖို့ပျက်ကွက်ခဲ့သလို လိုအပ်သော အစားအစာများနှင့် အားလပ်ခွင့်ကို ပေးခဲ့ခြင်းမရှိကြောင်း သက်တော်စောင့်နှစ်ဦးက စွပ်စွဲလျက်ရှိ သည်။ ဒါ့အပြင် သက်တော်စောင့်အလုပ်နှင့် မကိုက်ညီသည့် ကလေးထိန်းခြင်းကဲ့သို့သော အလုပ်များကိုလည်း လုပ်ကိုင်ခဲ့ရသည်ဟု သိရသည်။

ဂျွန်နေးဒပ်ကို သူ၏မန်နေဂျာဟောင်းများနှင့် သက်တော်စောင့်ဟောင်းများက အမှုဖွင့်လေ့ရှိပြီး ဒေါ်လာ သန်းပေါင်းများစွာ လျော်ကြေးပေးရန် အမြဲလိုလို တရားစွဲဆိုခံရလေ့ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly