လိဒ်ယူနိုက်တက်၊ MNL All Stars အသင်းနှင့် မြန်မာ့လက်ရွေး စင်အသင်းတို့ အထူးခြေစမ်းပွဲ ပြုလုပ်မည်

လိဒ်ယူနိုက်တက်၊ MNL All Stars အသင်းနှင့် မြန်မာ့လက်ရွေး စင်အသင်းတို့ အထူးခြေစမ်းပွဲ ပြုလုပ်မည်
ဓာတ်ပုံ-MFF

ဧပြီ ၂၃ ။           ။ အင်္ဂလန် ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်း၊ MNL All Stars အသင်းနှင့် မြန်မာ့လက်ရွေး စင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည့် AYA Bank Tour 2018 အထူးခြေစမ်းပွဲစဉ်များကို လာမည့် မေလ ၉ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။

အင်္ဂလန်ကလပ်အသင်းဖြစ်သော လိဒ်ယူနိုက်တက်အသင်းသည် မေလ ၉ ရက်နေ့တွင်  MNL All Star အသင်းနှင့် ရန်ကုန်မြို့မှာ ခြေစမ်းပွဲ ကစားမည် ဖြစ်ပြီး မေလ ၁၁ ရက်နေ့တွင် မြန်မာအသင်းနှင့် မန္တလေးမြို့၌ ခြေစမ်းပွဲကစားမည် ဖြစ်သည်။

AYA Bank Tour 2018 အဖြစ်ခြေစမ်းပွဲများ လာရောက်ကစားမည့် လိဒ်ယူနိုက်တက် အသင်းတွင် လက်ရှိ အင်္ဂလန်ချန်ပီယံရှစ်တွင် ပါ၀င်ကစားနေကြသည့် အဓိက ကစားသမားများ ပါ၀င်လာမည်ဖြစ်ပြီး Pontus Jansson တို့လည်း ပါ၀င်မည် ဖြစ်သည်။

လိဒ်ယူနိုက်တက် အသင်းပွဲစဉ်များအတွက် ကွင်းဝင်ကြေးများမှာ ၄၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ် သတ်မှတ်ထားသည်။

အဆိုပါပွဲစဉ်များအား မြန်မာ့ဘောလုံးကစားသမားများ၊တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတကာ အသင်း များ၊ ဥရောပ ကလပ်အသင်းများနှင့် ထိတွေ့ကျွမ်းဝင်းခြင်းဖြင့် နိုင်ငံတကာ အတွေ့အကြံုများ ရရှိစေ ရန်၊ တစ်ဦးချင်း ယုံကြည်မှုနှင့် စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီဘဏ်က စီစဉ်ပံ့ပိုး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

AYA Bank Tour 2018 အထူးခြေစမ်းပွဲ အတွက် မိတ်ဆက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ (အင်္ဂါနေ့) မွန်းလွဲ (၂းဝဝ)နာရီ၊ နိုဗိုတယ် ရန်ကုန် မက်စ် ရှိ Pathein Room ခန်းမတွင်ကျင်းပသွားမည်ဖြစ်သည်။

အသင်းပေါင်း ၂၄ သင်းပါ၀င်ယှဉ်ပြိုင်လျက်် ရှိသည့် အင်္ဂလန် ချန်ပီယံရှစ် ၂၀၁၈ ရာသီတွင် လိဒ်ယူနိုက်တက် အသင်းသည် လက်ရှိအချိန်ထိ ပွဲစဉ် ၄၃ ပွဲကစားပြီး ရမှတ် ၅၄ မှတ်ဖြင့် အမှတ်ပေး ဇယား အဆင့်(၁၄)တွင်ရပ်တည်လျက်ရှိသည်။ လိဒ်ယူနိုက်တက် အသင်းသည် လက်ကျန် ပွဲစဉ်များ ဖြစ်သည့် ဧပြီ ၂၁ ရက်နေ့တွင် ဘန်စလေ၊ ဧပြီ ၂၈ တွင် နော်ဝစ်ချ် စီးတီး၊ မေလ ၆ ရက်နေ့တွင် QPR အသင်းတို့နှင့် ပွဲစဉ်များကစားအပြီး မေလ ရ ရက်နေ့တွင် မန်ချက်စတာမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ထွက်ခွာလာမည်ဖြစ်သည်ဟု MFF မှ ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly