အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေ ဆီးရီးယားကို တိုက်ခိုက်မှု စတင်

.

ဓာတ်ပုံ - AFP

သမ္မတ ထရမ့်က ဆီးရီးယားအစိုးရ ဓာတုလက်နက် သုံးစွဲခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယားကို တိုက်ခိုက်တာတွေ လုပ်ဖို့ အမေရိကန်တပ်ကို အတည်ပြု ပေးလိုက်ပြီလို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ် ဆီးရီးယားနိုင်ငံ၊ ဒူမာမြို့မှာ တရားမဝင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်လိုက်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ ပြင်သစ်နဲ့ ဗြိတိန်တို့လည်းအတူ ပါဝင်မှာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

“ပြင်သစ်နဲ့ ဗြိတိန်တပ်ဖွဲ့တွေ နဲ့အတူ ပူးပေါင်းစစ်ဆင်ရေး အခုစတင်နေပြီဖြစ်တယ်”လို့ သမ္မတ ထရမ့်က မိန့်ခွန်းမှာ ပြောပါတယ်။

ဆီးရီးယားမြို့တော် ဒမတ်စကတ်မြို့အနီးမှာ ပေါက်ကွဲသံတွေ ကြားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Ref; BBC