မလေးရှားက အထွေထွေရွေးကောက်ပွဲအား မေ ၉ ရက်တွင် ကျင်းပမည်

မလေးရှားက အထွေထွေရွေးကောက်ပွဲအား မေ ၉ ရက်တွင် ကျင်းပမည်

ကွာလာလမ်ပူ၊ ဧပြီ ၁၀ ။             ။ မလေးရှားရွေးကောက်ပွဲ ကော်မရှင်က မဲပေးနိုင်သူ ၁၄ ဒဿမ ၉ သန်းရှိမည့် အထွေထွေရွေးကောက်ပွဲကို မေ ၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက်က ကြေညာသည်။

မဲဆွယ်စည်းရုံးရေးကာလကို ၁၁ ရက်တာ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ မိုဒ်ဟာရှမ်းက အီးပီအေသတင်းဌာနသို့ ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်အနေဖြင့် ၎င်း၏ ဆရာလည်း ဖြစ်ခဲ့သူ ယခင်အစိုးရအဖွဲ့အကြီးအကဲဟောင်း မိုဟာမတ်မဟာသီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၂၀၀၉ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နာဂျစ်အနေဖြင့် United Malay’s National Organisation UMNO ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ UMNO ပါတီသည် ၁၉၇၃ ခုနှစ်မှ စတင်ကာ နို်င်ငံကို အုပ်ချုပ်ခဲ့သည့် Barisan Nasional နှင့် ညွန့်ပေါင်းဖွဲ့ကာ အကြီးဆုံးပါတီ ဖြစ်နေသည်။

နာဂျစ်သည် ၂၀၁၃ ရွေးကောက်ပွဲမှာ အတိုက်အခံညွန့်ပေါင်းပါတီထက် လူကြိုက်များမှု ပိုနည်းခဲ့သော်လည်း ကျေးလက်ဒေသများနှင့် မလေးလူများစု၏ မဲအသာရနိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတစ်ရပ်အားဖြင့် အနိုင်ရလိုက်ခြင်း ဖြစ်သည်။

၎င်း၏ ယခုဝန်ကြီးချုပ်သက်တမ်း နောက်ဆုံးနှစ်တွင် အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟမ်အား ဓမ္မတာနှင့် ဆန့်ကျင်လိင်ဆက်ဆံမှု ပုဒ်မဖြင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ်ချမှတ်ခြင်းနှင့်
နိုင်ငံပိုင်ရင်းနှီးမြုပ်နှံမှုရန်ပုံငွေကော်ပိုရေးရှင်းကြီးဖြစ်သည့် 1MDB နှင့်ပတ်သက်သော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ပေါ်ပေါက်ခြင်းတို့ဖြင့် နပမ်းလုံးနေရချိန်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly