ကျဆုံးသွားသော ဗိုလ်မှူးအာကာဝင်း၏ ဇနီးထံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေးစကားပေးပို့

ကျဆုံးသွားသော ဗိုလ်မှူးအာကာဝင်း၏ ဇနီးထံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေးစကားပေးပို့

ဧပြီ ၆ ။            ။ တိုက်လေယာဉ်လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် လေယဉ်ပျက်ကျ ကျဆုံးသွားသော ဗိုလ်မှူး အာကာဝင်း၏ ဇနီးထံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အားပေးစကားပေးပို့ခဲ့သည်။

မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း အားပေးစကားတွင် “ စွမ်းစွမ်းတမံ စွမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရသည့်အတွက် ကျန်ရစ်သူ သမီး မမြတ်မြတ်သစ်တို့ မိသားစုနှင့် ထပ်တူထပ်မျှ အထူးပင် ၀မ်းနည်းကြေကွဲရကြောင်း မေတ္တာဖြင့် အားပေးစကားပြောကြားလိုက်ရပါသည် ” ဟု ဖော်ပြထားသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ် - ရ လေယာဉ်တစ်စီးသည် ဧပြီ ၃ ရက် နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန် ့ အကွာ အမြင့်မီတာ ၅၀၀ ခန့် အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ ့ခြင်းဖြစ်ကြောင်းသိရသည်။

တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စုထဲတွင် တပ်မတော်ပိုင် လေ့ကျင့်ရေးလေယာဉ်တစ်စီးပျက်ခဲ့မှုတွင် လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် အရေးပေါ်လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများ ကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly