အိန္ဒိယပိုင် ကက်ရှ်မီးယားတွင် စစ်တပ်၏ စစ်ဆင်ရေးများကို ကန့်ကွက်ဆန္ဒပြ

အိန္ဒိယပိုင် ကက်ရှ်မီးယားတွင် စစ်တပ်၏ စစ်ဆင်ရေးများကို ကန့်ကွက်ဆန္ဒပြ

 

ကက်ရှ်မီးယား၊ ဧပြီ ၃ ။                     ။ အိန္ဒိယပိုင် ကက်ရှ်မီးယားတွင် သောင်းကျန်းသူ ၁၃ ဦး၊ စစ်သား သုံးဦးနှင့် အရပ်သား လေးဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရသည့် အိန္ဒိယစစ်တပ်၏ မကြာသေးမီက စစ်ထိုးစစ်အား ကန့်ကွက်ကြကာ ဆန္ဒပြကြသည်။

ခွဲထွက်ရေးခေါင်းဆောင်များက ဒေသအနှံ့ လုပ်ငန်းဆိုင်ခန်းများ ပိတ်ကာ သပိတ်မှောက်ရန် နှိုးဆော်ထားကြရာ ဧပြီ ၂ ရက်တွင် ဒေသ၏ အခြေအနေမှာ ဆိုင်ခန်း၊ ရုံးခန်းများပိတ်ကာ ဆန္ဒပြအသွင်ဖြင့် ရှိနေသည်။

တည်ငြိမ်မှု နည်းပါးသော ကက်ရှ်မီးယားဒေသအတွင်း ဆိုင်ခန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ရုံးဌာနများနှင့် ပညာရေးအဖွဲ့အစည်းများ ပိတ်ထားဆဲဖြစ်သည်။

ကျောင်းသားများ၊ ကုန်သည်များအပါအဝင်ဖြစ်သော ရာပေါင်းများစွာသော ဆန္ဒပြသူများက စစ်တပ်၏ ထိုးစစ်ကို ဆန့်ကျင်ကာ ဧပြီ ၁ ရက်က လမ်းများပေါ်ထွက် ဆန္ဒပြကြခြင်းကြောင့် ယခုကဲ့သို့ လုပ်ငန်းဌာနများ ဆက်လက်ပိတ်ထားရသည့် အခြေအနေတွင် ဆက်လက်ရှိနေခြင်း ဖြစ်သည်။

 “တစ်ချို့အရပ်တွေမှာ စည်းကမ်းတင်းကြပ်မှုတွေနဲ့ တုံ့ပြန်ဆောင်ရွက်နေပါပြီ။”ဟု သီရိနာဂါခရိုင်ရဲအရာရှိ အစ္စမေးပါရေးက အီးပီအေသတင်းသို့ ပြောခဲ့သည်။

ခွဲထွက်ရေးအုပ်စု Hurriyat Conference မှ ပြောခွင့်ရသူ အမတ်ဂူဇာက မတ် ၃၀ ရက်နေ့က ရှစ်နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ၎င်းတို့၏ ခေါင်းဆောင် အလီဂီလာနီအား ပြန်လည်ကာ နေအိမ်အကျယ်ချုပ် ဖမ်းဆီးသွားခဲ့ကြောင်း ပြောသည်။

အခြားသော ခွဲထွက်ရေးခေါင်းဆောင်တစ်ချို့မှာလည်း ထိန်းသိမ်းခံထားရကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly