အစ္စရေးနယ်စပ်အနီး ပါလက်စတိုင်းထောင်ပေါင်းများစွာ ဆန္ဒပြရာ ထိပ်တိုက်တွေ့မှုများ၌ ငါးဦး သေဆုံး

အစ္စရေးနယ်စပ်အနီး ပါလက်စတိုင်းထောင်ပေါင်းများစွာ ဆန္ဒပြရာ ထိပ်တိုက်တွေ့မှုများ၌ ငါးဦး သေဆုံး

ဂါဇာစီးတီး၊ မတ် ၃၀ ။           ။ အစ္စရေးနယ်စပ်အနီး ဂါဇာကမ်းမြောင်ဒေသတွင် မတ် ၃၀ ရက် ဆန္ဒပြမှုကြီးတစ်ရပ်အား ပါလက်စတိုင်းတို့ ဆင်နွှဲကြရာတွင် ထိပ်တိုက်တွေ့မှုများဖြစ်၍ ပါလက်စတိုင်း ငါးဦး သေဆုံးကာ ၅၀ ကျော်ထက်မနည်း ဒဏ်ရာရသည်။

အမျိုးသမီးနှင့် ကလေးငယ်များပါ ပါဝင်သော ယခု စုရုံးဆန္ဒပြမှုကြီးတွင် ပါဝင်သူအင်အားသ်ည ထောင်သောင်းချီရှိမည်ဟု တစ်ချို့က ခန့်မှန်းသည်။

အစ္စရေးတို့က လုံခြုံရေးရံတားထားသော အရှေ့ပိုင်းနှင့် မြောက်ပိုင်းနယ်စပ်၏ တားမြစ်မြေတစ်လျှောက် ပါလက်စတိုင်းတို့က သပိတ်စခန်းများစွာ ဖွင့်လှစ်ကာ စုရုံးဆန္ဒပြခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းထောက်များက ပေးပို့သည်။

အဆိုပါ အရံအတားဇုန်၏ လက်နက်တပ်ဆင်ခံတပ်စည်း၏ မီတာရာအနည်းငယ်အတွင်း ဆန္ဒပြအုပ်စုငယ်တစ်ရပ် ချည်းကပ်လာသဖြင့် အစ္စရေးစစ်တပ်က မျက်ရည်ယိုဓာတ်ငွေ့များနှင့် ကျည်စစ်များဖြင့် ပစ်ခတ်ခဲ့သည်။

ကျည်စစ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ထိမှန်ဒဏ်ရာရသူပေါင်း ၂၀၁ ဦးရှိကြောင်း ပါလက်စတိုင်းကြက်ခြေနီအဖွဲ့က ပြောပြီး ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးက ထိပ်တိုက်တွေ့မှုများ၌ လေးဦးသေဆုံးသည်ဟု ဆိုသည်။

“ဂါဇာကမ်းမြောင်၏ လုံခြုံရေးစည်းတစ်လျှောက် နေရာငါးနေရာတွင် ပါလက်စတိုင်း ၁၇၀၀၀ ကျော်က ဆူပူအဓိကရုဏ်းများ လုပ်ဆောင်နေကြောင်း”  အစ္စရေးစစ်တပ်က ထုတ်ပြန်သည်။

“ဆူပူအကြမ်းဖက်သူတွေဟာ လုံခြုံရေးစည်းအတွင်းကို ကားတာယာတွေ မီးရှို့လှိမ့်သွင်းတာတွေ၊ မီးလောင်ဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ဆောင်နေကြတယ်။ အစ္စရေးတပ်သားတွေက အဓိက သွေးထိုးသူတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တာပဲ ဖြစ်တယ်။”ဟု စစ်တပ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly