ဝုဖ်ဘတ် ကွင်းလယ်တိုက်စစ် ကစားသမား ကီဗင်ဒီဘရိုင်းကို ခေါ်ယူရန် မန်စီးတီး သဘောတူညီမှု ရရှိ

ဝုဖ်ဘတ် ကွင်းလယ်တိုက်စစ် ကစားသမား ကီဗင်ဒီဘရိုင်းကို ခေါ်ယူရန် မန်စီးတီး သဘောတူညီမှု ရရှိ

မန်စီးတီးအသင်းသည် ဝုဖ်ဘတ်အသင်းမှ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ကီဗင်ဒီဘရိုင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဖြစ် သည်။

မန်စီးတီးအသင်းသည် ဒီဘရိုင်းကို ခေါ်ယူနိုင်ရန် ကာလကြာရှည် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ထပ်မံ တိုးမြှင့်ပေးလိုက်သည့် ပြောင်းရွှေ့ကြေးကြောင့် နောက်ဆုံးတွင် ဝုဖ်ဘတ်အသင်းက လက်ခံခဲ့ခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် လီဗာပူးလ်မှ စတာလင်ကို ပေါင် ၄၉ သန်း၊ ဗလင်စီယာမှ အော်တာ မန်ဒီကို ပေါင် ၃၂ သန်း၊ ဗီလာကွင်းလယ်လူ ဖေဘီယန်ဒဲလ်ကို ပေါင် ၈ သန်း၊ ဖူလ်ဟမ်မှ ပက်ထရစ်ရောဘတ် ကိုပေါင် ၈ သန်း၊ ဘာဆာစပေါမှ အူနယ်ကို ပေါင် ၂ သန်းဖြင့် ခေါ်ယူထားပြီးဖြစ်ရာ ယခု အပြောင်းအရွှေ့တွင် စုစုပေါင်း အသုံးစရိတ်မှာ ပေါင်သန်း ၁၅၀ ကျော်သွားပြီ ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒီဘရိုင်းသည် မန်စီးတီးအသင်းနှင့် ခြောက်နှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်ပြီး တစ်ပတ်လုပ်ခ လစာငွေ ပေါင် ၂ သိန်း ရရှိမည် ဖြစ်သည်။ ဒီဘရိုင်း၏အေးဂျင့် ပက်ထရစ်ဒီကို စတာက “အပြောင်းအရွှေ့က မဖြစ်မြောက်သေးပါဘူး။ မနက်ဖြန်လောက်တော့ ပြီးဆုံးသွားဖို့ ရှိပါ တယ်။ ဒါပေမဲ့ မသေချာသေးပါဘူး” ဟု ပြောသည်။

ချယ်လ်ဆီးအသင်းတွင် ၂ နှစ်ကြာ ကစားခဲ့သော်လည်း အောင်မြင်မှု မရခဲ့သည့် ဒီဘရိုင်း သည် အင်္ဂလန်သို့ ပြန်လာလိုလိမ့်မည်ဟု မန်စီးတီးက ယုံကြည်လျက်ရှိသည်။ ဒီဘရိုင်းသည် ပြီးခဲ့သည့်ရာသီက ဝုဖ်ဘတ်အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့ပြီး ဘွန်ဒက်စ်လီဂါ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly