ကော်လိုရာဒို Theme Park ထဲက ဒိုင်နိုဆောကြီး မီးလောင်

ကော်လိုရာဒို Theme Park ထဲက ဒိုင်နိုဆောကြီး မီးလောင်

မတ် ၂၃ ။              ။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် တောင်ပိုင်းက ဒိုင်နိုဆောအရုပ်ကြီးတွေကို ခင်းကျင်းပြသထားတဲ့ အပန်းဖြေဥယျာဉ်ကြီးထဲမှာ မတ်လ ၂၂ ရက်မနက်ပိုင်းက ကြီးမားတဲ့ ဒိုင်နိုဆောရုပ်ကြီးတစ်ခု မီးစွဲလောင်သွားခဲ့ပါတယ်။

ဒီ ဒိုင်နိုဆောကြီး မီးလောင်မှုကတော့ လျှပ်စစ်ဝါယာချို့ယွင်းမှုကနေ ဖြစ်တယ်လို့ ထင်မြင်မိကြောင်း ယင်း theme park ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ Zach Reynolds က ပြောပါတယ်။

အဆိုပါ ဒိုင်နိုဆောအရုပ်ကြီး မီးစွဲလောင်ခဲ့မှု ဖြစ်စဉ်ကိုတော့ ဥယျာဉ်ထဲ လာရောက်လည်ပတ်သူတွေကိုယ်တိုင် မြင်တွေ့ခဲ့ကြရပါတယ်။

ရွေ့လျားနိုင်ပြီး အသံတွေထွက်အောင် ပြုလုပ်တတ်တဲ့ အဆိုပါ အမြင့် ၇ မီတာရှိ ဒိုင်နိုဆောကြီးကတော့ ယင်း ဥယျာဉ်မှာ ခင်းကျင်းထားတဲ့ ဒိုင်နိုဆော ၁၆ ရုပ်ထဲက တစ်ရုပ်ဖြစ်ပါတယ်။

ခုလို မီးလောင်သွားတဲ့ ဒိုင်နိုဆောနေရာမှာ အမြန်ဆုံး ပြန်လည်ပြုပြင်အစားထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း Zach Reynolds က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly