ဒေါ်နယ်ထရမ့်က အမျိုးသားလုံခြံုရေးအကြံပေး မက်မာစတာ နေရာကို ဂျွန်ဘော်လ်တန်နှင့် အစားထိုး

ဒေါ်နယ်ထရမ့်က အမျိုးသားလုံခြံုရေးအကြံပေး မက်မာစတာ နေရာကို ဂျွန်ဘော်လ်တန်နှင့် အစားထိုး

မတ် ၂၃ ။            ။ လက်ရှိအမျိုးသားလုံခြုံရေးအကြံပေးဖြစ်သည့် မက်မာစတာ၏နေရာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ဂျွန် ဘော်လ်တန်နှင့် အစားထိုးခန့်အပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်လိုက်သည်။

သံအမတ်ကြီးဟောင်း ဘော်လ်တန်မှာ လာမည့်လမှစ၍ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ဖြစ်လာမည်ဖြစ်ကြောင်း ထရမ့်က တွစ်တာကနေတဆင့် ထုတ်ဖော်ကြေညာသွားခဲ့သည်။

သဘောထားတင်းမာသူတစ်ဦးဖြစ်သည့် အသက် ၆၉ နှစ်ရှိ ဘော်လ်တန်မှာ ထရမ့်လက်ထက် လပေါင်း ၁၄ လတာအတွင်း သုံးဦးမြောက် အမျိုးသားလုံခြုံရေးအကြံပေး ဖြစ်လာခဲ့သည်။

သမ္မတဟောင်း ဂျော့ဂျ် ဒဗလျူ ဘုရှ် လက်ထက်က ဘော်လ်တန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့စဉ်က ၂၀၀၃ ခုနှစ် အီရတ်အပေါ် တိုက်ခိုက်မှုကို ဦးဆောင် ထောက်ခံခဲ့သူလည်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် နှစ်များအတွင်းကလည်း မြောက်ကိုရီးယား နျူလက်နက်အစီအစဉ်များနှင့်ပတ်သက်၍ တင်းမာသည့် သဘောထားရပ်တည်ချက်များ ထုတ်ဖော်ထားခဲ့သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags