ကိုဆိုဗို ပါလီမန်အစည်းအဝေး မဲခွဲမှု ပျက်ပြားအောင် အတိုက်အခံဘက်မှ မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြု နှောက်ယှက်

ကိုဆိုဗို ပါလီမန်အစည်းအဝေး မဲခွဲမှု ပျက်ပြားအောင် အတိုက်အခံဘက်မှ မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြု နှောက်ယှက်

မတ် ၂၂ ။          ။ မတ်လ ၂၁ ရက်က ကျင်းပခဲ့သည့် ကိုဆိုဗို ပါလီမန်လွှတ်တော်အစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်မှုအစီအစဉ်တစ်ခု ပျက်ပြားအောင် အတိုက်အခံအမတ်များဘက်က မျက်ရည်ယိုဓာတ်ငွေ့အသုံးပြု နှောက်ယှက်ခဲ့သည်ဟု သိရသည်။

မွန်တီနီဂရိုးနှင့်အကြား နယ်နမိတ်စည်းသတ်မှတ်ရေးကိစ္စနှင့်စပ်လျင်း၍ ပါလီမန်မဲခွဲမှုအစီအစဉ်တစ်ရပ်ကို ပျက်ပြားအောင် အတိုက်အခံအုပ်စုဘက်က မျက်ရည်ယိုဗုံး သုံးခဲ့ခြင်း ဖြစ်သည်။

မဲပေးမှု စခါနီးမှာပင် အတိုက်အခံပါတီဝင်များဘက်က မျက်ရည်ယိုဓာတ်ငွေ့အသုံးပြုနှောက်ယှက်ခဲ့ခြင်းကြောင့် အမတ်များကို လွှတ်တော်အဆောက်အအုံတွင်းမှ ရွှေ့ပြောင်းပေးခဲ့ရသည်။

အစည်းအဝေး နောက်တစ်ကြိမ်ပြန်လည်စတင်ချိန်တွင်လည်း အတိုက်အခံတို့ဘက်က နောက်ထပ် မျက်ရည်ယို ဓာတ်ငွေ့ အသုံးပြုမှုများ ရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် အစည်းအဝေးကို နောက်ထပ် ပြန်စနိုင်ခဲ့သလားဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေ။

ယင်း လွှတ်တော်အစည်းအဝေး မကျင်းပခင်တုန်းကတော့ ဝန်ကြီးချုပ် ရာမွတ်ရှ် ဟာရာဒီနာက ယခုကိစ္စအတွက် အတည်ပြုနိုင်မည့် မဲအရေအတွက် ရလိမ့်မည်ဟု ပြောထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly