ဗုဒ္ဓ၏ ဓာတ်တော်မွေတော်ကို ခိုးယူသော ကမ္ဘောဒီးယား လူမျိုးငါးဦး ထောင်ဒဏ် ခုနှစ်နှစ်စီ ချမှတ်ခံရ

ဗုဒ္ဓ၏ ဓာတ်တော်မွေတော်ကို ခိုးယူသော ကမ္ဘောဒီးယား လူမျိုးငါးဦး ထောင်ဒဏ် ခုနှစ်နှစ်စီ ချမှတ်ခံရ
ဗုဒ္ဓ ဓာတ်တော်မွေတော်ထည့် ရွှေအိုးခိုးမှု ကျူးလွန်သည့် ကမ္ဘောဒီးယား အမျိုးသား ငါးဦးကို ရုံးထုတ်လာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များ ထည့်ထားသည်ဆိုသည့် မြင့်မားရှည်လျားသည့် ရွှေအိုး တစ်လုံးခိုးမှုဖြင့် ကမ္ဘောဒီးယား တရားရုံးတစ်ခုက သြဂုတ် ၂၇ တွင် ကမ္ဘောဒီးယားလူမျိုး အမျိုးသား ငါးဦးကို တစ်ဦး လျှင်ထောင်ဒဏ်ခုနှစ်နှစ်စီ ချမှတ်ခဲ့သည်။ ယင်းရွှေအိုးမှာ တောင်ပေါ်ဘုရားကျောင်း တစ်ခုမှ ခိုးယူခံခဲ့ရခြင်း ဖြစ်သည်။

ဗုဒ္ဓ၏ ဆံပင်တော်၊ သွားတော်နှင့် အရိုးတော်များ ထည့်ထားသည်ဟု ယုံကြည်သော ယင်းအိုး နှင့် ရုပ်တုငယ်အချို့ ပျောက်ဆုံးကြောင်း ၂၀၁၃ ခုနှစ်က သိလာရချိန်တွင် ဗုဒ္ဓဘာသာအများစု ရှိသောနိုင်ငံ တွင် နိုင်ငံတစ်ဝန်း ခိုးသူရှာဖွေမှုကို ဖြစ်စေခဲ့သည်။ ယခင်ထီးနန်းစိုက်ရာ ယူဒေါင်မြို့ရှိ ဘုရား ကျောင်းမှ ကီလိုမီတာ ၁၃၀ အကွာ တောင်ပိုင်းရှိ တာကီယိုပြည်နယ်၏ အိမ်တစ်လုံးကို ၂၀၁၄ ခုနှစ်ဖေဖော် ဝါရီက စီးနင်းမှုတစ်ခုတွင် ယင်းရွှေအိုးနှင့် ဓာတ်တော်မွေတော်များကို အာဏာပိုင်များက ပြန်လည် ရရှိခဲ့သည်။

ခိုးမှုနှင့် ဆက်နွယ်သည့် လူတချို့ကိုလည်း ဖမ်းဆီးခဲ့သည်။ ခိုးမှုဖြစ်ပွားရာ ကန်ဒယ်ပြည်နယ် ရှိ တရားရုံးက ဘုရားကျောင်း၏ အစောင့်လေးဦးအပါအဝင် အမျိုးသားငါးဦးသည် ခိုးမှုတွင် အပြစ်ရှိ ကြောင်း သြဂုတ် ၂၇ က တွေ့ရှိခဲ့သည်။ တရားသူကြီး ဆေဆမ်ဖော်စ်ဆီရေးက ၎င်းအမျိုးသားငါးဦးကို ထောင်ဒဏ်ငါးနှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဆဋ္ဌမမြောက် အမျိုးသားမှာ အပြစ်မရှိသဖြင့် လွှတ်ပေးခဲ့သည်။ ယင်းဓာတ်တော်မွေတော်များ မှာ သာသနာနှစ် ၂,၅၀၀ ပြည့်နှစ် အထိမ်းအမှတ်ပွဲ ကျင်းပရန် ၁၉၅၀ ပြည့်လွန်နှစ်များက သီရိလင်္ကာမှ ကမ္ဘောဒီးယားသို့ ပင့်လာခြင်း ဖြစ်သည်ဟု ယုံကြည်သည်။ ၂၀၀၂ ခုနှစ်က ဘုရင်နိုရိုဒွမ် သီဟာနု သည် ဓာတ်တော်မွေတော်များကို မြို့တော်ဖနွမ်ပင်မှ ယူဒေါင်မြို့သို့ အခမ်းအနား တစ်ခုဖြင့်ရွှေ့ပြောင်း ခဲ့ရာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly