ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် အစ္စရေးက ဂါဇာရှိ်ပစ်မှတ်ကို တိုက်ခိုက်

ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် အစ္စရေးက ဂါဇာရှိ်ပစ်မှတ်ကို တိုက်ခိုက်
ဓာတ်ပုံ - အေပီ

အစ္စရေးဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခံရပြီးနောက် ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်ပစ် မှတ်တစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

သြဂုတ် ၂၇ ရက် အစောပိုင်းက ၎င်းတို့၏ တိုက်ခိုက်မှုက ဟားမတ်စ်တို့၏ လက်နက်ထုတ် လုပ်သည့် စက်ရုံကို ထိမှန်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။ သို့သော်လည်း အစ္စရေးဘက်တွင် ပျက်စီးမှု၊ ဒဏ်ရာရရှိမှု မရှိသကဲ့သို့ ဂါဇာကမ်းမြောင်ဘက်တွင်လည်း ဒဏ်ရာရရှိမှု မရှိဟုဆိုသည်။ အစ္စရေးဘက်သို့ ရော့ကက်ဖြင့်ပစ်သော အစ္စလာမ္မစ်အုပ်စု ဟားမတ်စ်ကို တားဆီး ထိန်းချုပ်နိုင်သည် ဟု အစ္စရေး ကပြောသည်။ ဟားမတ်စ်တို့က ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်လျက်ရှိသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့သည် လွန်ခဲ့သည့်နှစ်က ပြင်းထန်သည့် ရက် ၅၀ ကြာ စစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။ စစ်ပွဲပြီးကတည်းက အများအားဖြင့် တင်းမာမှု လျော့နည်းလာခဲ့သော်လည်း အခါအားလျော်စွာ အကြမ်းဖက်တိုက်ခိုက်မှု ရှိနေသေးသည်။ ဇန်နဝါရီကတည်းက ယခုချိန်အထိ ဂါဇာဘက်မှ အစ္စရေးဘက်သို့ ဒုံးကျည် ရှစ်လုံးပစ်ခတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly