ဆီးရီးယားသမ္မတ အာဆတ် အရှေ့ဂူတားဒေသရှိ တိုက်ပွဲဝင်စစ်သားများအား သွားရောက်တွေ့ဆုံအားပေး

ဆီးရီးယားသမ္မတ အာဆတ် အရှေ့ဂူတားဒေသရှိ တိုက်ပွဲဝင်စစ်သားများအား သွားရောက်တွေ့ဆုံအားပေး

 

မတ် ၁၉ ။               ။ ပြီးခဲ့သည့် ကာလအတွင်း တိုက်ပွဲများပြင်းထန်နေခဲ့သည့် ဆီးရီးယား အရှေ့ဂူတားဒေသသို့ ပြီးခဲ့သည့် မတ်လ ၁၈ ရက်က သမ္မတ ဘာရှာ အယ်လ် အာဆတ် သွားရောက်ခဲ့ပြီး တိုက်ပွဲဝင် စစ်သားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆီးရီးယားသမ္မတ အာဆတ်အနေဖြင့် ဒမက်စကပ်မြို့အနီး သူပုန်တပ်ဖွဲ့ကို တိုက်ထုတ်နေလျက်ရှိသည့် ၎င်း၏ အစိုးရတပ်ဖွဲ့ဝင် တပ်သားများအား တွေ့ဆုံအားပေး ဂုဏ်ပြုလိုသည့်အတွက် ယင်းခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှပ်အင်္ကျီ၊ အပေါ်အင်္ကျီ တို့ကို ဝတ်ဆင်ထားသည့် သမ္မတ အာဆတ်ဒ် အရှေ့ဂူတားဒေသသို့ ရောက်လာပြီး တပ်ဖွဲ့ဝင် စစ်သားများနှင့် တွေ့ဆုံခဲ့သည့် ပုံများကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါ အရှေ့ဂူတားဒေသကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက သူပုန်တပ်ဖွဲ့က ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့်လကမှ ဆီးရီးယားအစိုးရတပ်ဖွဲ့၏ ပြန်လည်တိုက်ထုတ်ခဲ့မှုများကြောင့် အဆိုပါဒေသ၏ ၈၀ ရာခိုင်နှုန်းခန့်ကို သူပုန်များလက်မှ ပြန်လည်သိမ်းယူထားနိုင်ခဲ့ပြီဟု သိရသည်။

" ဒမက်စကပ်မြို့ခံတွေအနေနဲ့ ခုဆိုရင် အရင်ကထက် ပိုပြီးဝမ်းသာကြရတော့မှာပါ၊ ဘာလို့လဲဆိုတော့ ဒီမြို့တော်ကို သူတို့ ဘယ်လိုကယ်တင်ထားခဲ့ရသလဲဆိုတာကို လာမယ့်ဆယ်စုနှစ်တွေမှာ သူတို့တွေရဲ့ သားသမီးတွေကို ပြန်ပြောပြနိုင်မှာလေ" ဆိုပြီး အာဆတ်ဒ်က စစ်သားများကို ပြောကြားနေခဲ့ပုံကို ၎င်း၏ ရုံးအဖွဲ့က ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတစ်ခုထဲတွင် တွေ့ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly