တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ် အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်မေးခံနေရ

တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ် အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်မေးခံနေရ

 

မတ် ၁၄ ။              ။ တောင်ကိုရီးယားသမ္မတဟောင်းတစ်ဦးဖြစ်သည့် လီမြောင်ဘတ်အား အဂတိလိုက်စားမှုဖြင့် မတ်လ ၁၄ ရက်က စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် အသက် ၇၆ နှစ်ရှိနေပြီဖြစ်သည့် လီမြောင်ဘတ် သမ္မတ တာဝန်ထမ်းခဲ့စဉ်ကာလအတွင်းက ၎င်း၏ ဆွေမျိုးများနှင့် လက်ထောက်များ၏ အကျင့်ပျက်ခြစားမှုများ ရှိထားခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ပေါ်ထွက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ယခုအခါ ဒေါ်လာ သန်းပေါင်းများစွာနှင့်ညီမျှသည့်  ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှု ဖြစ်စဉ်များတွင် သမ္မတဟောင်း လီ၏ ပါဝင်ပတ်သက်မှု အနေအထားနှင့်ပတ်သက်၍ အစိုးရရှေ့နေများက စုံစမ်းမေးမြန်းနေပြီဖြစ်သည်။

ယခုအခါ ယင်းနိုင်ငံတွင် သက်ရှိထင်ရှားရှိနေသည့် သမ္မတဟောင်း လေးဦးစလုံးမှာ ရာဇဝတ်မှု စွဲချက်များနှင့် စုံစမ်းစစ်မေးခံရခြင်း သို့မဟုတ် စွဲချက်တင်ခံရခြင်းများနှင့် ရင်ဆိုင်နေရလျက်ရှိနေပြီဖြစ်သည်။

" ခုလိုမျိုး ပြည်သူတွေကို စိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့မိတဲ့အတွက် ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်၊ ခုချိန်မှာ တောင်ကိုရီးယားပြည်သူတွေရဲ့ လူမှုနေထိုင်မှုဘဝတွေဟာ တကယ်ပဲ ခက်ခဲနေကြပါတယ်၊ ကိုရီးယားကျွန်းဆွယ် လုံခြုံရေးအခြေအနေက စိုးရိမ်ဖွယ်ကောင်းနေပါတယ်" ဆိုပြီး ဆိုးလ်မြို့ အစိုးရရှေ့နေများရုံးကို စစ်မေးခံဖို့ ရောက်ရှိလာစဉ် သမ္မတဟောင်း လီက သတင်းထောက်များကို ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly