ဦးမြ​အေး​ပြောဆိုချက်​အ​ပေါ် ၈၈ငြိမ်​းပွင်​့အမည်ဖြင့် ​​​ထုတ်​ပြန်​ချက်​မှာအတုဖြစ်​​ကြောင်​းဦးဂျင်​မီ​ပြော နိုင်​ငံသားအခွင်​့အ​ရေးဆိုသည်​မှာ လူမျိုး၊ဘာသာအ​ပေါ်အ​ခြေမခံဟုဆို

ဦးမြ​အေး​ပြောဆိုချက်​အ​ပေါ် ၈၈ငြိမ်​းပွင်​့အမည်ဖြင့် ​​​ထုတ်​ပြန်​ချက်​မှာအတုဖြစ်​​ကြောင်​းဦးဂျင်​မီ​ပြော နိုင်​ငံသားအခွင်​့အ​ရေးဆိုသည်​မှာ လူမျိုး၊ဘာသာအ​ပေါ်အ​ခြေမခံဟုဆို
ယနေ့ထွက်ပေါ်နေသောထုတ်ပြန်ချက်အတု

ရန်ကုန် ၊ မတ် ၅ ။             ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(အဖွ့ဲဝင်ဟောင်း) ဖြစ်သည့် ဦးမြအေး ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး လုံး၀ သက်ဆိုင်ခြင်းမရှိကြောင်း မတ်လ ၅ ရက်နေ့တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးတံဆိပ်ဖြင့်ထွက်ပေါ်နေသောထုတ်ပြန်ချက်မှာ အတုဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီက မဇ္ဈိမကိုပြောသည်။

ဦးမြအေး အနေဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှစပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နိုဝင်ဘာ ၂၉ ရက်နေ့ နောက်ပိုင်း ကိုမြအေး၏ ပြောဆိုပြုမှုလုပ်ဆောင်ချက်များသည် အဖွဲ့အစည်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့ကြောင်း ထုတ်ပြန်ချက်အတုထဲတွင်ဖေါ်ပြထားသည်။

ဦးမြအေးက မြန်မာနိုင်ငံသား မွတ်စလင်များ၏ နိုင်ငံသားအခွင့်အရေး နှင့်ပတ်သက်၍ အလျော့မခံနိုင်ဘဲ လျော့ပေးသည့်စနစ်၊ လျော့ပေးသည့် မည်သည့်အစိုးရမဆို လက်ခံမည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက်အတု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel တွင် မြန်မာမွတ်စလင် အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်သည့် လူမှုမဟာမိတ်အဖွဲ့ (Social Alliance) အဖွဲ့က ဦးဆောင် ပြုလုပ်သည့် နိုင်ငံသားအခွင့်အရေး၊ နိုင်ငံသားတာဝန်နှင့် နိုင်ငံ့အကျိုး ပြုခြင်းအခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ဦးမြအေး က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံအတွင်း မှာ မှီတင်းနေထိုင်သောလူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာ ဝင်များအားလုံးကို ပြောခြင်းဖြစ်ပါတယ်၊ ဒါ မြန်မာမွတ် စလင်ပါ၊ အဲဒီတော့ ကျွန်တော်တို့ဟာ လူမျိုးတစ်မျိုးအနေနဲ့ ဖော်ထုတ်ဖို့လည်း ဆန္ဒမရှိသလို စိတ်လည်းမဝင်စားဘူး၊ သို့သော် ကျွန်တော်တို့ရဲ့ ပကတိရသင့်ရထိုက်တဲ့ အခွင့် အရေး၊ အခုအငြင်းပွားဖွယ်ရာဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေအတွင်းက ပေးထားတဲ့ နိုင်ငံသား တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကျွန်တော်တို့ လို ချင်ပါတယ်၊ အလျော့မခံနိုင်ပါဘူး၊ လျော့ပေးတဲ့ မည်သည့်စနစ်၊ မည်သည့်အစိုးရကို မဆို ကျွန်တော်တို့လက်ခံ မှာ မဟုတ်ပါဘူး" ဟု ဦးမြအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံအတွင်းမှ အစ္စလာမ်ဘာသာဝင်များအားလုံးသည် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိထားပြီးဖြစ်သည်ဟု မိမိတို့မှ ယုံကြည်ပါသည်ဟု ယနေ့ထွက်ပေါ်လာသော ထုတ်ပြန်ချက်အတုထဲတွင် ဖေါ်ပြထားသည်။

ခွဲခြားခံရမှုများရှိခဲ့လျှင် သိမ်ငယ်မနေပဲတိုင်းပြည်အကျိုး ပူးပေါင်းသယ်ပိုးကြရန်လည်း ယမန်နေ့က ဆွေးနွေးပွဲတွင် ဦးမြအေးက တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့ထွက်ပေါ်လာသော ထုတ်ပြန်ချက်အတုမှာ ချိန်သားကိုက်တိုက်ခိုက်သည့် နိုင်ငံရေးထောင်ခြောက်ဖြစ်ကြောင်း၊၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ထုတ်ပြန်ချက်မဟုတ်ကြောင်းဦးဂျင်မီကပြောသည်။

“ထုတ်ပြန်ချက်ကအတုကြီး။ရုံးလိပ်စာကလည်းမှားနေတယ်။ရုံးဟောင်းလိပ်စာထည့်ထားတာ။နောက်ပြီးအကိုတို့အဖွဲ့ရဲ့မူဝါဒက ခိုင်ခိုင်မာမာရှိပြီးသား။ ဘာသာနဲ့လူမျိုးအပေါ်အခြေခံပြီးမခွဲခြားရဘူး။ တန်းတူအခွင့်အရေးရှိရမယ်။

ဘယ်လူမျိုးဘယ်ဘာသာမဆို၊နောက်ဆုံးနတ်ကိုးကွယ်ယုံကြည်သူတွေအထိနိုင်ငံသားဖြစ်မှူပေါ်အခြေခံပြီးနိုင်ငံသားအခွင့်အရေးတန်းတူရှိရမယ်"ဟုဦးဂျင်မီကပြောသည်။
ယနေ့ထွက်ပေါ်လာသော ထုတ်ပြန်ချက်အတုကို မည်သည့်အဖွဲ့ကပြုလုပ်ကြောင်း မဇ္ဈိမက အတည်မပြုနိုင်သေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly