ဘာကီနာဖာဆိုက စစ်ရုံးချုပ်နှင့် ပြင်သစ်သံရုံးတို့ တိုက်ခိုက်ခံရ

ဘာကီနာဖာဆိုက စစ်ရုံးချုပ်နှင့် ပြင်သစ်သံရုံးတို့ တိုက်ခိုက်ခံရ

အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဘာကီနာဖာဆိုရှိ ပြင်သစ်သံရုံးနှင့် စစ်ရုံးချုပ်တို့အား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး သေဆုံးဒဏ်ရာရသူပေါင်းများစွာ ရှိသည်။

မတ် ၂ ရက်က ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးသမားနှင့် ခုခံကာကွယ်သူ ၁၆ ဦး သေဆုံးကြေင်း အစိုးရသတင်းရင်းမြစ်တစ်ရပ်က ပြောသော်လည်း ပါရီမှ အေအက်ဖ်ပီ၏ သတင်းရင်းမြစ်တစ်ရပ်က သေဆုံးသူပေါင်းမှာ အနည်းဆုံး ၂၈ ဦးရှိသည်ဟု ဆိုသည်။

မြို့တော် အော်ဂါဒူဂေါ့တွင် နံနက်ပိုင်းက ပြင်းထန်သော သေနတ်ပစ်ခတ်မှုများ ပေါ်ပေါက်သည်။ လက်နက်ကိုင် ငါးဦးက ကားတစ်စီးအတွင်းမှ ထွက်လာပြီး လမ်းသွားလမ်းလာများကို ပစ်ခတ်လျက် ပြင်သစ်သံရုံးသို့ တိုက်ခိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စစ်ရုံးချုပ်နှင့် ပြင်သစ်ယဉ်ကျေးမှုစင်တာအနီးတွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပြီးသည်။ ယင်းပေါက်ကွဲမှုမှာ ပထမတိုက်ခိုက်မှုဖြစ်ပွားရာ ပြင်သစ်သံရုံးမှ မိုင်ဝက်သာ ကွာဝေးသည့် နေရာတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုနှစ်ရပ်တွင် တိုက်ခိုက်ရေးသမား ကိုးဦးနှင့် လုံခြုံရေးအဖွဲ့ဝင် ခုနစ်ဦး သေဆုံးကာ စစ်ရုံးချုပ်တိုက်ခိုက်မှုတွင် အများဆုံး သေဆုံးခြင်းဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်က ဆိုသည်။ စစ်ဆေးရုံမှ ဗိုလ်မှူး အမန်ဒိုက ဒဏ်ရာရသူပေါင်း ၇၅ ဦး ရှိကြောင်း အေအက်ဖ်ပီသို့ ပြောသည်။

ပြင်သစ်မှ သတင်းရင်းမြစ်နှစ်ရပ်နှင့် ဘာကီနာဖာဆိုမှ သတင်းရင်းမြစ်တစ်ရပ်တို့က ပြောရာတွင် သေဆုံးသူပေါင်းက ၂၈ ဦးရှိသည်ဟု အေအက်ဖ်ပီမှ ကြားသိရသည်။

ယခုတိုက်ခိုက်မှုများသည် ဘာကီနာဖာဆိုနိုင်ငံ၏ ဂျီဟတ်သောင်းကျန်းပုန်ကန်မှုများ ရင်ဆိုင်နေရခြင်းအနက် အကျအဆုံးများသော တိုက်ခိုက်မှုတစ်ရပ်ပဲ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags