ဖေဖော်ဝါရီ ၁၅၊ လန်ဒန်။ ။ စပါးအသင်းသည် နည်းပြချုပ်ပိုချက်တီနို အသင်းတွင်ဆက်လက်ရှိနေစေရန်အတွက် စာချုပ်သစ်ကမ်းလှမ်းရန် အသင့်ဖြစ်နေ သည်။
ပိုချက်တီနို၏ လက်ရှိစာချုပ်သက်တမ်းမှာ သုံးနှစ်ကျန်နေသေးသော်လည်း ၎င်း၏ တိုးတက်မှုများအတွက် စပါးအသင်းက စာချုပ်သစ်ချုပ်လိုနေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပိုချက်တီနိုကစားသမားဘဝက ကစားခဲ့သည့် ပီအက်စ်ဂျီအသင်းတို့သည် ဥရောပတွင် အသက်အငယ်ဆုံးနည်းပြတစ်ဦးအဖြစ်စွမ်းဆောင်ထားသည့် အာဂျင်တီးနားလူမျိုးပိုချက်တီနိုကို စိတ်ဝင်စားနေကြသည်။
ပိုချက်တီနိုသည် ၂၀၁၆ ခုနှစ်ကမှ ငါးနှစ်စာချုပ်ချုပ်ဆိုထားရာ စပါးအသင်းအတွက် စာချုပ်သစ်ကိုအပူတပြင်းချုပ်ဆိုရန် ဖိအားမရှိပေ။
သို့သော် ပိုချက်တီနိုက စပိန်နှင့်ပြင်သစ်မှစိတ်ဝင်စားမှုများကို မျက်ကွယ်ပြုခဲ့ပါက အသင်းဘက်မှလည်း စာချုပ်သစ်ပြန်ချုပ် ပေးချင်နေခြင်းဖြစ်သည်။
စပါးအသင်းဥက္ကဋ္ဌ ဒီနီရယ်လီဗိုင်းကလည်း အသက် ၄၆ နှစ်အရွယ်နည်းပြကို အသင်းတွင်ကာလရှည်ဆက်ရှိစေချင်နေသည်။ ရီးယဲလ်မက်ဒရစ်အသင်း၏စိတ်ဝင်စားမှုမှာ စိုးရိမ်စရာဖြစ်သော်လည်း စပါးအသင်းကမူ ပိုချက်တီနိုဆက်ရှိပြီး စာချုပ်သစ်ချုပ်မည်ဟု ယုံကြည်နေသည်။
Ref; Mirror