ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဒါဇင်များစွာ စုရုံးဆန္ဒပြ

ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဒါဇင်များစွာ စုရုံးဆန္ဒပြ

မနီလာ၊ ဖေဖော်ဝါရီ ၁၀ ။          ။ တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းများတွင် တရုတ်က စစ်တပ်ချထားခြင်းကို ဖိလစ်ပိုင်အစိုးရက တုံ့ပြန်ခြင်း အလျဉ်းမရှိခြင်းကို ဆန့်ကျင်ကာ ဖေဖော်ဝါရီ ၁၀ ရက်တွင် မနီလာမြို့တော်ရှိ ဖိလစ်ပိုင်သံရုံးရှေ့ ဆန္ဒပြသူ ဒါဇင်များစွာ စုရုံးဆန္ဒပြကြသည်။

သမ္မတ ဒူတာတေး ယခင် သမ္မတဖြစ်သူ အကွီနီုလက်ထက်က တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားခြင်းကို နိုင်ငံတကာခုံသမာဓိရုံးသို့ ၂၀၁၃ ခုနှစ်အတွင်းက အမှုစွဲဆို လျှောက်ထားခဲ့ရာ သုံးနှစ်အကြာတွင် ရေပိုင်နက် ပိုင်ဆိုင်သူအဖြစ် ဖိလစ်ပိုင်ကို အကြွင်းမဲ့အနိုင်ပေးကာ စီရင်ချက် ချမှတ်ထားခြင်း ဖြစ်သည်။

အဆိုပါ ခုံရုံး အမှုတွင် ပါဝင်ရန် တရုတ်က ငြင်းဆန်ပြီး စီရင်ချက်ကိုလည်း ပယ်ချထားသည်။

သို့သော် ၂၀၁၆ ခုနှစ် နှစ်လယ်တွင် သမ္မတ ဒူတာတေး ရာထူးတက်လာပြီး တရုတ်နှင့် ဆက်ဆံရေးဖော်ဆောင်လာချိန်မှစကာ တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့်ပတ်သက်ပြီး တရုတ်နှင့် ဖိလစ်ပိုင်ကြား တင်းမာမှုများက ပြေလျော့လာခဲ့ဟန် ရှိသည်။

တရုတ်၏ ကုန်သွယ်ရေးနှင့် စီးပွားရေးအကူအညီ ရရှိရေး ဒူတာတေးက ကြိုပမ်းလာခဲ့ပြီး ပိုင်နက်အငြင်းပွားမှုကို မျက်ကွယ်ပြုထားခဲ့ရာ အငြင်းပွားရေပြင်အတွင်း တရုတ်၏ ထပ်တိုးခြေလှမ်းများ ဆက်ရှိနေလာခဲ့သဖြင့် အမျိုးသားရေးဝါဒီများနှင့် လက်ဝဲယိမ်းအုပ်စုများက စိုးရိမ်ပူပန်မှုများ ရှိလာခဲ့သည်။

ဒူတာတေးအစိုးရသည် တရုတ်ကို ဝပ်တွားခယနေပြီဟု ဆန္ဒပြသူများက ပြောဆိုကြသည်။ “အခြေအနေက ပြည်သူတွေ ကိုယ်တိုင်ရွေးချယ်မှုကို ဖြစ်စေတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က တိုက်ပွဲဝင်သွားမယ်။ သမ္မတက တရုတ်ကို မကန့်ကွက်ဘူးဆိုလည်း ကျွန်တော်တို့ကတော့ ကန့်ကွက်သွားမယ်။”ဟု ဆန္ဒပြသူများမှ တစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly