လစ်ဗျားရှိ ဗလီတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ လူပေါင်း ၆၀ ကျော် ဒဏ်ရာရ

လစ်ဗျားရှိ ဗလီတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ လူပေါင်း ၆၀ ကျော် ဒဏ်ရာရ

 

ဖေဖော်ဝါရီ ၁၀ ။                        ။ လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘင်န်ဂါဇီမြို့ရှိ ဗလီကျောင်းတစ်ခု၌ ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့၍ လူတစ်ဦး သေဆုံးကာ ၆၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

ယခုဖြစ်စဉ်မှာ အဆိုပါ ဘင်န်ဂါဇီမြို့ရှိ ဘုရားဝတ်ပြုသူများ ပစ်မှတ်ထားတိုက်ခိုက်ခံလိုက်ရသည့် နောက်ဆုံးသော ဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တွင် ယင်းနေ့က ဝတ်ပြုသူများ ဗလီသို့ လာရောက်ကာ အပတ်စဉ် ဆုတောင်းပွဲ စတင်စဉ်မှာပင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက   ပြောသည်။

ဗုံးပေါက်ကွဲမှုများဖြစ်ပွားအပြီး ဗလီကြမ်းပြင်တစ်လျှောက် အပျက်အစီး အစိတ်အပိုင်းများ ပြန့်ကျဲကျန်ရစ်ခဲ့ပြီး နံရံများပေါ်တွင်လည်း သွေးအလိမ်းလိမ်း တင်ကာ ကျန်ရစ်ခဲ့သည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

ဗုံးတစ်လုံးကို ဗလီအတွင်း ခေါင်းတလားတစ်ခုအတွင်း ကြိုတင်ဝှက်ထားခဲ့ခြင်းဖြစ်ပြီး ကျန်တစ်လုံးကိုမူ ဝင်ပေါက်ရှိ ဖိနပ်စင်တစ်ခုတွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့များက ပြောသည်။

ယခုတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိအချိန်ထိ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ခံထုတ်ဖော်ထားခြင်းမရှိသေးပေ။

ယခုဖြစ်စဉ်မတိုင်ခင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်တုန်းကလည်း ယင်းမြို့ရှိ ဗလီတစ်ခုအပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားထားခဲ့ပြီး လူပေါင်း အယောက် ၄၀ ထက်မနည်း သေဆုံးထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags