ထရမ့်ရဲ့ နိုင်ငံစစ်အင်အားကို ပြသလိုတဲ့ စိတ်ကူးအပေါ် အမေရိကန်တွင် သဘောထားကွဲ

ထရမ့်ရဲ့ နိုင်ငံစစ်အင်အားကို ပြသလိုတဲ့ စိတ်ကူးအပေါ် အမေရိကန်တွင် သဘောထားကွဲ

 

နယူးယောက်၊ ဖေဖော်ဝါရီ ၈ ။                     ။ မျိုးဆက်ခေတ်တွေမှာ အမေရိကန်ရဲ့ ပြိုင်ဖက်တွေက တင့်ကားတွေ၊ တပ်အင်အားတွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်ရေးပြမှုတွေကနေပြီး ၎င်းတို့ရဲ့ စစ်အင်အားကို ပြသနေခဲ့ပေမယ့် အမေရိကန်ဟာ ခပ်မဆိတ်ပဲနေပြီး အဝေးကနေ ကြည့်ရှုနေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ စစ်အင်အားအကြီးဆုံးလို့ အားလုံးလိုက လက်ခံထားတဲ့ အမေရိကန်စစ်တပ်ဟာ ရုရှ၊ မြောက်ကိုရီးယားနဲ့ တရုတ်တို့လို စစ်ရေးပြပွဲတွေ လုပ်ပြခဲ့တဲ့ အစဉ်အလာ မရှိခဲ့ပါဘူး။ ဒါပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီအစဉ်အလာကို ပြောင်းလဲလိုနေပါတယ်။

ဒါကြောင့်ပဲ ထရမ့်ဟာ ပင်တဂွန်ကို ဝါရှင်တန်အနှံ့ ပဲ့တင်ထပ်တုန်ဟီးသွားစေမယ့် အကြီးစားစစ်ရေးပြပွဲကြီး ကျင်းပနိုင်ဖို့ အခွင့်အလမ်းအတွက် လမ်းညွှန်မူကြမ်းတစ်ရပ်ကို ဖေဖော်ဝါရီ ၇ ရက်မှာ ပေးပို့ခဲ့ပါတယ်။

ထရမ့်ရဲ့ အမေရိကန်စစ်အင်အားကို ထုတ်ပြချင်တဲ့ စိတ်ကူးအပေါ် လွှတ်တော်အမတ်တွေနဲ့ စစ်ခေါင်းဆောင်တွေက ကုန်ကျစရိတ်၊ ဘေးဖြစ်နိုင်မှုနဲ့ ရည်ရွယ်ချက်အသုံးဝင်မှုတွေအပေါ်မှာပဲ သုံးသပ်တွေးတောကြပါတယ်။

အမေရိကန်ဟာ အထူးသဖြင့် စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုတဲ့ ဇူလိုင်လေးရက်နဲ့ အခြားအားလပ်ရက်အခမ်းအနားတွေမှာ စစ်ရေးပြချီတက်ပွဲတွေ လုပ်ဆောင်လေ့ရှိပေမယ့် မြောက်ကိုရီးယားက ဖျက်အားပြင်းဒုံးကျည်တွေနဲ့ စစ်ရေးပြချီတက်မှုလိုမျိုး စစ်အင်အားကို ပေါ်ပေါ်ထင်ထင် ပြတာမျိုး မလုပ်ဆောင်ခဲ့ဘူးပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလက ပြင်သစ်နိုင်ငံမှာ အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုခဲ့ပြီးနောက် ထရမ့်က ပြင်သစ်သမ္မတ မက်ခရွန်နဲ့ တွေ့ဆုံရာမှာ သူ့အနေနဲ့ အမေရိကန်ရဲ့ စစ်ရေးပြအခမ်းအနားကိုလည်း ကြီးကြီးမားမား ဖြစ်လိုတဲ့ စိတ်ကူးရှိကြောင်း ပြောခဲ့ပါတယ်။

နှစ်နာရီကြာမြင့်တဲ့ ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားဟာ ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်စိတ်ဓာတ်အားမာန်အတွက် ဧရာမထူးကဲမှုဖြစ်ကြောင်း ထရမ့်က ပြောပြီး ဇူလိုင် ၄ ရက်မှာ ပြုလုပ်တဲ့ ဝါရှင်တန်က ပင်ဆေးဗင်နီးယားရိပ်သာလမ်းပေါ်မှ အမေရိကန်စစ်ရေးပြပွဲကို ပြင်သစ်ရဲ့ စစ်ရေးပြအခမ်းအနားထက် ပိုပြီးကြီးကျယ် ခမ်းနားလိုကြောင်း ထရမ့်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly