မော်စကိုမှာ စံချိန်တင် ဆီးနှင်းကျဆင်းမှု ဖြစ်ပေါ်ပြီး လူ ၁ ဦး သေဆုံး

မော်စကိုမှာ စံချိန်တင် ဆီးနှင်းကျဆင်းမှု ဖြစ်ပေါ်ပြီး လူ ၁ ဦး သေဆုံး

ဖေဖော်ဝါရီ ၅ ။          ။ ရုရှနိုင်ငံ မော်စကိုမြို့မှာ မကြုံစဖူး စံချိန်တင် ဆီးနှင်းကျဆင်းမှုနှင့် ကြုံတွေ့နေခဲ့ရပြီး လူ ၁ ဦး သေဆုံးသွားခဲ့ကြောင်း မြို့တော်ဝန်နှင့် ကယ်ဆယ်ရေး အေဂျင်စီများက ပြောသည်။

မြို့တော်၌ ၂၄ နာရီအတွင်း ဆီးနှင်းကျဆင်းမှု အတိုင်းအတာပမာဏမှာ တစ်လတာ ပျမ်းမျှ ကျဆင်းမှု၏ ထက်ဝက်ကျော်ပမာဏထိ  ရှိနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက မြို့တွင်း၌ ကျဆင်းထားသည့် နှင်းထု ဖုံးလွှမ်းမှုမှာ ၄၃ စင်တီမီတာအထိ ရှိခဲ့ကြောင်း သိရသည်။

" လောလောဆယ်ထိ တစ်ဦး သေဆုံးသွားပါတယ်" ဟု မော်စကို မြို့တော်ဝန် ဆာဂျီ ဆိုဗြန်နင်က ပြောသည်။ ပြင်းထန်တဲ့ ရာသီဥတုကြောင့် သစ်ပင်ပေါင်း ၂,၀၀၀ ကျော် လဲကျသွားခဲ့သည်ဟုလည်း သိရသည်။

" ခုနောက်ဆုံးရတဲ့ အချက်အလက်တွေရ ငါးယောက် ဒဏ်ရာ ရထားပါတယ်၊ ဂရုစိုက်ကြပါ၊ ရာသီဥတုက ခုထက် ပိုဆိုးလာဖို့ ရှိတယ်လို့ ခန့်မှန်းရပါတယ်" ဆိုပြီး ၎င်းက တွစ်တာကနေတဆင့် ထုတ်ပြန်သတိပေးထားသည်။

ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁၅၀ နီးပါးထိ နှောင့်နှေးကြန့်ကြာနေခဲ့ရပြီး ယင်းတို့အနက် ခရီးစဉ် ဒါဇင်များစွာကိုလည်း ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags