မက်ဆီဒိုးနီးယား နာမည် အငြင်းပွားမှုကိစ္စ ဂရိမှာ ဆန္ဒပြ

မက်ဆီဒိုးနီးယား နာမည် အငြင်းပွားမှုကိစ္စ ဂရိမှာ ဆန္ဒပြ

ဖေဖော်ဝါရီ ၅ ။          ။ မက်ဆီဒိုးနီးယား နာမည် အငြင်းပွားနေမှုကိစ္စနဲ့ပတ်သက်လို့  ဂရိနိုင်ငံမှာ လူပေါင်း သိန်းနဲ့ချီ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က ဂရိပြည်သူပေါင်း ၁၄,၀၀၀ လောက်ဟာ အေသင်မြို့ပေါ် လမ်းတွေပေါ်မှာ ချီတက်လာခဲ့ကြပြီး ယခုလို အငြင်းပွား နာမည်ကိစ္စနဲ့ပတ်သက်လို့ ၎င်းတို့ရဲ့ သဘောဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

ဂရိနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ မက်ဆီဒိုးနီးယား ခရိုင်ဒေသ နာမည်ကို အိမ်နီးချင်း ယူဂိုဆလားဗီးယား ခွဲထွက်နိုင်ငံဖြစ်တဲ့ မက်ဆီဒိုးနီးယား (ယူဂိုဆလပ်) ပြည်သူတွေက ယင်းအတိုင်း ယူပြီး နိုင်ငံ အမည်တပ်ဖို့ စီစဉ်လာတဲ့အတွက်ကြောင့် ယခုလို ဂရိမှာ ပြည်သူသိန်းနဲ့ချီတို့ ထုတ်ဖော် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဂရိနဲ့ မက်ဆီဒိုးနီးယား ယူဂိုဆလပ် သမ္မတနိုင်ငံတို့အကြား အဆိုပါ မက်ဆီဒိုးနီးယား နာမည်ကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်တွေအကြာကြီးကတည်းက အငြင်းပွားနေခဲ့ကြတာဖြစ်ပြီး ယခုထိတိုင် ပြေလည်မှု မရနိုင်သေးဘဲ ပြဿနာတွေ ပိုကြီးလာနေတာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ မက်ဆီဒိုးနီးယား ယူဂိုဆလပ် သမ္မတနိုင်ငံဘက်က မက်ဆီဒိုးနီးယားနာမည်ကို တရားဝင် ယူအသုံးပြုလာဖို့ ကြိုးပမ်းလာနေမှုနဲ့ပတ်သက်လို့ ပြေလည်အောင် ညှိနှိုင်းတာမျိုး မလုပ်ဖို့ ဂရိပြည်သူတွေက အစိုးရကို တိုက်တွန်းဆန္ဒြုပနေကြပါတယ်။

လက်ရှိအချိန်မှာ ယင်းနာမည်ကိစ္စနဲ့ပတ်သက်လို့ ဂရိ ဝန်ကြီးချုပ် အလက်ဇစ် ဆစ်ပရက်စ် အစိုးရက သဘောတူညီချက်တစ်ခု ရအောင်လုပ်ဖို့ စီစဉ်လာမှုအပေါ် ကန့်ကွက်ကြောင်း ဂရိပြည်သူတွေ ထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြ ဂရိလူအုပ်ကြီးကတော့ " မက်ဆီဒိုးနီးယားကို မထိနဲ့၊ မက်ဆီဒိုးနီးယားက ဂရိ ပဲဖြစ်တယ်" ဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

" အစိုးရက ဒီကိစ္စမှာ လိုက်လျောပြီး ကျုပ်တို့ တစ်နိုင်ငံလုံးကိုယ်စား လက်မှတ်ထိုးပေးလိုက်ဖို့ စဉ်းစားနေမယ်ဆိုရင် အရင်ဆုံး ပြည်သူတွေရဲ့ သဘောဆန္ဒကို အရင်မေးပြီးမှ လုပ်ရပါလိမ့်မယ်" ဆိုပြီး ဆန္ဒပြအုပ်စုမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ မီကစ် သီအိုဒိုရာကစ်က ပြောပါတယ်။

ယခုကိစ္စမှာတော့ မက်ဆီဒိုးနီးယား ယူဂိုဆလပ် ဘက်က ယခုလို မက်ဆီဒိုးနီးယား နာမည်ကို အသုံးပြုသွားမယ်ဆိုရင် ဒါဟာ ဂရိ မြောက်ခြမ်းဒေသ သမိုင်းဝင် နာမည်နဲ့နယ်မြေတို့ကိုပါ သွတ်သွင်းသွားနိုင်မယ့်အပေါ် ဂရိဘက်က စိုးရိမ်နေကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags