ဗာဂျင်းနီးယားနည်းပညာတက္ကသိုလ်က တရုတ်ကျောင်းသားအား လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီး

ဗာဂျင်းနီးယားနည်းပညာတက္ကသိုလ်က တရုတ်ကျောင်းသားအား လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီး

ဗာဂျင်းနီးယား၊ ဖေဖော်ဝါရီ ၁ ။        ။ အမေရိကန်နိုင်ငံ ဗာဂျင်းနီးယားပြည်နယ် ဗာဂျင်းနီးယားနည်းပညာတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေသော တရုတ်နိုင်ငံသား ကျောင်းသားတစ်ဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

တရုတ်နိုင်ငံမှ ကျောင်းသာတစ်ဦးဖြစ်သည့် ယန်ဆွန်ကျို့ဆိုသူကို ဇန်နဝါရီ ၂၉ ရက်က ဖမ်းဆီးခြင်းဖြစ်ကြောင်း တက္ကသိုလ် ပြောဆိုခွင့်ရှိသူ မတ်အေဇာစကီက ပြောသည်။

ဗာဂျင်းနီးယားဥပဒေအရ နိုင်ငံခြားသားတစ်ဦးကို ခွင့်မပြုပေးထားသော AR-15 သေနတ်ပိုင်ဆိုင်မှုနှင့် ကျည်ဆန်ခဲယမ်း အတောင့် ၅၀၀၀ ဝယ်ယူရန် ကြိုးစားမှုတို့ဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချနိုင်ပါက ယန်ဆွန်ကျို့အနေဖြင့် ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်သည်။

အဆိုပါ ဗာဂျင်းနီးယားနည်းပညာတက္ကသိုလ်တွင် ၂၀၀၇ ခုနှစ်အတွင်းက သေဆုံးမှုများသော ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ပွားထားခြင်းကို ပြန်လည်စိုးရိမ်မှုဖြစ်လျက် ယခု ဖမ်းဆီးမှုအကြောင်း သတိပေးမှုမရှိခြင်းနှင့်ပတ်သက်ပြီး တက္ကသိုလ်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

သို့သော် တက္ကသိုလ်ရဲဌာန၏ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဖမ်းဆီးရသော်လည်း မည်သည့်ခြိမ်းခြောက်မှု အခြေအနေမျိုးမှ မမြင်မတွေ့ရကြောင်း ထုတ်ပြန်သည်။

ကျို့၏ ရှေ့နေဖြစ်သူ ဂျက်ဆန်ဝုဒ်ဖရေးက ၎င်း၏ အမှုသည်သည် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမှ မလုပ်ဆောင်သကဲ့သို့ တက္ကသိုလ်အသိုင်းအမြုံကိုလည်း ဘယ်တုန်းကမှ အန္တရာယ်ပေးခြင်း မရှိကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly