၂၀၁၈ အတွင်း ရွေးကောက်ပွဲကျင်းပပေးရန် ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တောင်းဆိုဆန္ဒပြ

၂၀၁၈ အတွင်း ရွေးကောက်ပွဲကျင်းပပေးရန် ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တောင်းဆိုဆန္ဒပြ

ဒီမိုကရေစီအရေးလိုလားသော ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်စုသည် ထိုင်းစစ်အစိုးရ၏ အာဏာဆက်ခံ လာမှုကိုဆန့်ကျင်သည့်အနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးရန် စနေနေ့က ဘန်ကောက်မြို့ လယ်ခေါင်ရှိ လမ်းမများပေါ်၌ တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆာရာဝစ်ချ်ဂျာနူး ဆာရီတီဝပ်နှင့် လန်စီမန်ရိုမီတို့ဦးဆောင်သော ဒီမိုကရေစီပြန်လည်ရရှိရေးအဖွဲ့သည် သူတို့နှင့် အမြင်ချင်းတူသောပြည်သူများအနေဖြင့် ညနေ ၅း၃၀ နာရီခန့်တွင် ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှုစင်တာအနီးရှိ မိုးပျံရထားဘူတာရုံ၌ လာရောက်ပူးပေါင်းကြရန် ပြီးခဲ့သော သောကြာနေ့က ဖေ့စ်ဘုတ်ပေါ်မှတဆင့် ဆော်သြခဲ့သည်။

ထိုဆန္ဒပြမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပေါ်ပေါက်လာခြင်းမရှိပါက ဆန္ဒပြမှုကို တားမြစ်မည်မဟုတ် ကြောင်း ပတ်သွမ်ဝမ်ရဲစခန်းက ရဲအရာရှိများကလည်း ပြောဆိုခဲ့ကြသည်။

ညနေ ၅း၁၅နာရီခန့်တွင် ဘန်ကောက်အနုပညာနှင့်ယဉ်ကျေးမှုစင်တာသို့ လူပေါင်း ၁၀၀ ဝန်းကျင်ခန့် ရောက်ရှိ လာခဲ့ကြပြီး “ ၂၀၁၈ ရွေးကောက်ပွဲ” ဟု ရေးသားထားသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ ၎င်းတို့၏မိုဘိုင်း ဖုန်းအတွင်းမှ ရွေးကောက်ပွဲတောင်းဆိုသော ဓာတ်ပုံများကိုပြသ၍ ဆန္ဒပြခဲ့ကြသည်။

ဒါ့အပြင် အဖွဲ့ခေါင်းဆောင်များကလည်း မိန့်ခွန်းအသီးသီးပြောဆိုခဲ့ကြသည်။

လန်စီမန်ရိုမီက ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ပြီးခဲ့သောကြာသာပတေးနေ့တွင် ချမှတ်ခဲ့သော အမျိုးသားဥပဒေပြု လွှတ်တော်၏ဆုံးဖြတ်မှုသည် လက်မခံနိုင်စရာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“ရွေးကောက်ပွဲကို ယခုနှစ်အတွင်းကျင်းပပေးဖို့ ယနေ့မှာကျနော်တို့ တောင်းဆိုပါတယ်။ ဒီနေ့ဒီလိုစုရုံးဆန္ဒပြမှု ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်းမပြုတော့ပဲ ယခုနှစ်အတွင်းကျင်းပပေးမယ်လို့ ကျနော်တို့မျှော်လင့်ပါ တယ်” ဟု သူက ပြောခဲ့သည်။

အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ဝီရာဆွမ်ကွမ်ခစ်က “ သူတို့အာဏာ ဆက်ခံလာတာနဲ့ပက်သက်လို့ ကျနော်သဘောမတူပါဘူး။ သူတို့ရွေးကောက်ပွဲကို ဆိုင်းငံ့ထားချင်ကြတယ်ဆို တာ အရှင်းကြီးပါ။ ဗိုလ်ချုပ်ကြီး ပရာဝပ်ဝေါင်ဆူဝမ်အနေနဲ့လည်း သူ့ရဲ့တန်ဖိုးကြီးနာရီတွေနဲ့ပက်သက်လို့ တာဝန်ယူဖြေရှင်းပေးရပါဦးမယ်။ ဒါပေမယ့်သူက ရွေးကောက်ပွဲကိုရွှေ့ဆိုင်းပြီး ကျနော်တို့ကိုစိန်ခေါ်လိုက်ပါ တယ်” ဟု ပြောခဲ့သည်။

ဒါ့အပြင် အထွေထွေရွေးကောက်ပွဲ မကျင်းပမချင်း သူတို့အနေဖြင့် အပတ်စဉ်စနေနေ့တွင် ယခုလိုစုရုံးဆန္ဒပြ သွားမည်ဟု ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly